လွဲချော်ခဲ့ကြသည့်

February 10, 2020

၂ သင်းပေါင်း ပင်နယ်တီ ၉ လုံးအထိ လွဲချော်ခဲ့ကြသည့် ဂျပန်စူပါဖလားဗိုလ်လုပွဲ (ရုပ်သံ)

ဗစ်ဆယ်ကိုဘေးနဲ့ ယိုကိုဟားမားတို့ ယှဉ်ပြိုင်ခဲ့တဲ့ ဂျပန်စူပါဖလားဗိုလ်လုပွဲမှာ နှစ်သင်းပေါင်း ပင်နယ်တီ ၉ လုံး အထိ ဆက်တိုက်လွဲချော်ခဲ့ပါတယ်။  ပွဲချိန်အတွင်း ၃ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရာမှာလည်း နှစ်ဖက်စလုံးက ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီ ဆက်ကန်ခဲ့ရတာပါ။  ပထမ ပင်နယ်တီ ၂ လုံးစီကို နှစ်သင်းစလုံးက ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် နောက်ထပ် ပင်နယ်တီ ၅ ကြိမ်  အထိ ကန်သွင်းခဲ့ရပြီး ၂ သင်းစလုံးက ၉ ကြိမ် အထိ လွဲချော်ခဲ့တာပါ။  ၇ ကြိမ်မြောက်ပင်နယ်တီမှာ ယိုကိုဟားမားအသင်းက အန်ဒို လွဲချော်ခဲ့ပေမယ့် ဗစ်ဆယ်ကိုဘေးက ရာမာဂူချီက ဝင်အောင် ကန်သွင်းနိုင်ခဲ့လို့ ဗစ်ဆယ်ကိုဘေးအသင်းက ပင်နယ်တီမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဗစ်ဆယ်ကိုဘေးအသင်းမှာ ဘာစီလိုနာ ကစားသမားဟောင်း အင်နီယေစတာက ပင်နယ်တီ ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း ဗာမယ်လန်ကတော့ လွဲချော်ခဲ့လို့ ၇ ကြိမ်အထိ ပင်နယ်တီ ကန်သွင်းပြီးမှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up