လွဲချော်

October 23, 2020

ဂျိမ်းရိုဒရီဂွက်ဇ် ဒဏ်ရာကြောင့် ဆောက်သမ်တန်နှင့်ပွဲ လွဲချော်

ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် လွဲချော်မယ်လို့ အဲဗာတန်နည်းပြ အန်စလော့တီက အတည်ပြုလိုက်ပါတယ်။  ရီးရဲလ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အဲဗာတန်မှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ လီဗာပူးနဲ့ မာဆေးဆိုဒ်ဒါဘီမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာပါ။ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ပွဲကို ပါဝင်ကစားနိုင်မယ် မထင်ကြောင်း အန်စလော့တီက ပြောပါတယ်။  အဲဒီပွဲစဉ်မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ဗန်ဒိုက် အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ အန်စလော့တီက ပြောပါတယ်။  ဗန်ဒိုက်ရဲ့ ဒဏ်ရာ အမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်ကတွေက လျင်မြန်မှုရှိတဲ့အတွက်  နောက်ကျပြီးမှ ဘောလုံးဝင်လုတဲ့အခါ အခက်အခဲရှိနိုင်တယ်လို့ နည်းပြ အန်စလော့တီက မှတ်ချက်ပေးခဲ့ပါတယ်။ 
7 months Ago

ကိုဗစ်ပိုး ဆက်ရှိနေသဖြင့်  စီရော်နယ်ဒို ဘာစီလိုနာနှင့်ပွဲ လွဲချော်

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ စစ်ဆေးရာမှာ Postive ဖြစ်နေသေး တာကြောင့် ဘာစီလိုနာနဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။  အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကတည်းက ပေါ်တူဂီ အသင်းနဲ့ ပူးပေါင်းစဉ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။  အောက်တိုဘာ ၂၂ ရက်က ဒုတိယအကြိမ် စစ်ဆေးရာမှာလည်း ပိုးဆက်လက်တွေ့ရှိခဲ့ တာကြောင့် လာမယ့်တပတ် ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်ပြီးလွဲချော်မယ်လို့ သိရပါတယ်။  ဂျူဗင်တပ်အသင်းဟာ လာမယ့်ကြားရက်မှာ ဘာစီလိုနာနဲ့  ကစားရမှာပါ။  ရော်နယ်ဒိုအနေနဲ့ ပွဲမတိုင်ခင် ကိုဗစ်ပိုးမရှိကြောင်း စစ်ဆေးတွေ့ခဲ့ပါကလည်း ၂၄နာရီအတွင်း ယှဉ်ပြိုင်ကစားလို့ မရတာကြောင့် ပြိုင်ဘက် မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံမယ့် အဲဒီပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ 
7 months Ago

September 10, 2020

ချဲလ်ဆီးကစားသမားသစ် ဇီယက်ချ်နှင့်ဘင်ချီဝဲလ်တို့ ရာသီအစပွဲစဉ်များ လွဲချော်

ချဲလ်ဆီးကစားသမားသစ်တွေဖြစ်တဲ့ ဇီယက်ချ်နဲ့ဘင်ချီဝဲလ်တို့ဟာ ရာသီအစပွဲစဉ်တွေကို လွဲချော်မယ်လို့ သိရပါတယ်။  ပေါင် ၃၇ သန်းနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမား ဇီယက်ချ်ဟာ ဘရိုက်တန်နဲ့ ခြေစမ်းပွဲ စဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်မှာပါ။ အလားတူ လက်စတာကနေ ပေါင် သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ နောက်ခံလူ ဘင်ချီဝဲလ်ဟာလည်း လက်စတာမှာကတည်းက ရရှိခဲ့တဲ့ ဖနောင့်ဒဏ်ရာ မသက်သာသေးတာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ဘရိုက်တန်နဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။  တခြားကစားသမားသစ်တွေဖြစ်တဲ့ တီမိုဝါနာ၊ ခိုင်ဟာဗက်ဇ်နဲ့ သီယာဂိုဆေးလ်ဗားတို့က တော့ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။  ဒဏ်ရာပြဿနာရှိခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ပူလီဆစ်ကတော့ ပြန်လည်သက်သာလာပြီ ဖြစ်ပြီး ဝီလီယံဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်ခွင့်ရမယ်လို့ သိရပါတယ်။
8 months Ago
Up