လွိုင်လင်မြို့နယ်

December 23, 2020

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

လွိုင်လင်မြို့နယ်မှာ ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်-တောင်ကြီး ကားလမ်းအတိုင်း မူးယစ်ဆေးဝါးပမာဏ အများအပြားသယ်ဆောင်လာကြောင်း သတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီအချိန်က လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ လွိုင်လင်မြို့ဘက်က တောင်ကြီးမြို့ဘက်ကို အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသောကြောင့် လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး မော်တော်ယာဉ်အား ယာဉ်မောင်း ရဲလှိုင်ဝင်း နဲ့ အတူ ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်ပေါ်မှာ ပန်းနှမ်းအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲလှိုင်ဝင်း ၅၀ နှစ်အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို လဲချားမြို့ကနေ တောင်ကြီးမြို့သို့ သယ်ဆောင်မှာဖြစ်ပြီး ကွင်းဆက်တရားခံတွေ ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
1 year Ago

January 6, 2020

လွိုင်လင်မြို့နယ်တွင် ယာဉ်တစီး တောင်အောက်ပြုတ်ကျ၊ ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်မှာ ဇန်နဝါရီ ၅ ရက်နေ့က နစ်ဆန်းယာဉ်တစီး ဘရိတ်ပေါက်ကာ တောင်အောက်ပြုတ်ကျခဲ့လို့ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-မိုင်းပွန်ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၅/၃) နှင့် (၁၆၅/၄) အကြားမှာ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က နစ်ဆန်း ၁၂ ဘီးယာဉ်တစီး ဘရိတ်ပေါက်ပြီး တောင်အောက် ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သတင်းရလို့ လွိုင်လင်ခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီး၊ သန္ဓေ ၂၀ ဦးတို့နဲ့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား ၇ ဦးအနက် ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် မေတ္တာခြုံလွှာလူမှုကူညီရေးအသင်ေနဲ့ အဖြူရောင်လူငယ်ပရဟိတအသင်းတို့မှ လွိုင်လင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို သိရပါတယ်။
2 years Ago
Up