လွိုင်ကော် မြန်မာ့စီးပွားရေးဘဏ်

February 17, 2021

လွိုင်ကော် မြန်မာ့စီးပွားရေးဘဏ်ရှေ့ဆန္ဒပြပွဲအပြီး လုံခြုံရေးတင်းကျပ်ချထား

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီကနေ့ စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြတဲ့ ပြည်သူတွေဟာ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ သွားရောက်ပြီး ထိုင်သပိတ်တွေ ပြုလုပ်ခဲ့ကြပြီး မြို့ကိုလှည့်ပတ်ကာ ဝန်ထမ်းတွေ CDM ပိုမိုပါဝင်ဖို့ လိုက်လံဆော်ဩခဲ့ကြပါတယ်။

ဆန္ဒပြ လူထုတွေ မြန်မာ့စီးပွားရေးဘဏ်ရှေ့ကနေ ပြန်လည်ထွက်ခွာပြီးနောက်မှာတော့ အဆိုပါ ဘဏ်ရှေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အားအများအပြားနဲ့ လာရောက်ပြီးအတားအဆီးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆန္ဒပြလူထုတွေကတော့ မြို့အထင်ကရ နေရာမှာ ပြန်လည်စုရုံးပြီး နေ့လယ်ပိုင်းမှာတော့ ငြိမ်းချမ်းစွာနဲ့ လူစုခွဲခဲ့ ကြပါတယ်။

2 years Ago
Up