လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်

March 7, 2021

လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း တပ်နေရာချထားမှု ပြည်သူများ ဝိုင်းဝန်းကန့်ကွက်

ကယားပြည်နယ် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း မတ် ၇ ရက်နေ့ မနက် ၅ နာရီကျော်က စစ်တပ်နဲ့ရဲတွေ နေရာချဖို့ ဝင်လာတာကို ကျောင်းတာဝန်ရှိသူတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်တာကြောင့် ပြန်ထွက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါကြောင့် တပ်နဲ့ရဲတပ်ဖွဲ့,ဝင်တွေက ကျောင်းဝင်းထဲကနေ ထွက်ခွာပြီး ကျောင်းရှေ့မျက်စောင်းထိုးက ခြံမှာ ထပ်မံနေရာယူခဲ့တယ်လို့ ဆိုပါတယ်။

 အဲဒီနေရာကနေ ထွက်ခွာပေးဖို့ ပြည်သူတွေက တောင်းဆိုရာ မနက် ၉ နာရီခွဲလောက်မှာ စစ်ကားတွေ ထွက်ခွာခဲ့ပေမယ့် တပ်ဖွဲ့ဝင်တချို့ ကျန်နေခဲ့တာကို ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် နောက်ထပ်တနေရာ ပြောင်းရွှေ့သွားတယ်လို့ ဒေသခံက ပြောပါတယ်။

9 months Ago
Up