လွိုင်ကော်နည်းပညာတက္ကသိုလ်

February 5, 2021

လွိုင်ကော်နည်းပညာတက္ကသိုလ်တွင် ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်

တပ်မတော်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လွိုင်ကော်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမ သမဂ္ဂအဖွဲ့၊ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး ဒီကနေ့မနက် ၉ နာရီခွဲလောက်က ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ 

ကထိက ဆရာမ တစ်ဦးက   “စစ်အာဏာရှင်အစိုးကို မကျေနပ်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့ရဲ့ ရှိတဲ့အားလေးနဲ့ ပြန်ပြီးတော့ တွန်းလှန်တဲ့အားလေးနဲ့ လုပ်တာပါ။ ငြိမ်းချမ်းစွာနဲ့ လုပ်လိုက်တာပါ” လို့  ပြောပါတယ်။ 

ဒါ့အပြင် သူက “ကျမတို့မှာ မြေဖြူနဲ့ဘောပင်ပဲ ရှိတာပါရှင်။ အဲဒါကို မတရားသိမ်းပိုက်ထားတဲ့ ဒီအာဏာရှင်တွေကို လုံးဝမကျေနပ်ပါဘူးရှင်။ ဒီအပေါ်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ကျမတို့မှာ အစီအစဉ် ရှိပါတယ်ရှင်” လို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ 

လွိုင်ကော်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနလောက်ထောက်ကထိက ဆရာမ တစ်ဦးကလည်း “အရင်တုန်းကဆိုရင် ကျနော်တို့က ဒီကာကွယ်ဆေးထိုးပြီးရင် ကျောင်းလေးပြန်ဖွင့်မယ်။ နောက်ပြီး အိုင်အက်စ်အိုလုပ်ငန်းတွေလုပ်ရမယ်။ ကလေးတွေ ကျောင်းတွေ ပြန်တက်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကျနော်တို့နေရတာ။ အခု အာဏာသိမ်းတယ်လို့ သတင်းကြားလိုက်ကတည်းက ဘာမှကို ဆက်မလုပ်နိုင်ဘဲနဲ့ ဒီဟာကြီးပေါ်မှာပဲ လူတွေရဲ့ စိတ်တွေက အကုန်လုံးလူတိုင်းက စိတ်ဆင်းရဲနေရတာပါ။ ပြောချင်တာက အာဏာသိမ်းတာမှ ၂ ရက်တပိုင်းပဲရှိသေးတယ်။ ဖုန်းလိုင်းတွေဖြတ်တယ်။ အင်တာနက်လိုင်းတွေဖြတ်တယ်။ FB တွေ ပိတ်တယ်ဆိုတာက ဒါတွေသည် မလုပ်သင့်တဲ့ ကိစ္စတွေပဲ။ ပြည်သူတွေတိုးတက်ရေးကို သူတို့က အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်တာပါ” လို့ ပြောပါတယ်။ 

ဒီကနေ့ ဖဲကြိုးနီကမ်ပိန်းမှာ လွိုင်ကော်တက္ကသိုလ် ကျောင်းသူကျောင်းသား၊ ကျောင်းဆရာဆရာမ သမဂ္ဂ အဖွဲ့ဝင်အားလုံး ၅၀ လောက် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

10 months Ago
Up