လွိုင်ကော်တက္ကသိုလ်

October 22, 2021

လွိုင်ကော်တက္ကသိုလ်အနီး ဗုံးပေါက်ကွဲ၊ စစ်သား ၂ ဦး သေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်တက္ကသိုလ်အနီးမှာ အောက်တိုဘာ ၂၁ ညနေ ၃ နာရလောက်က  ဗုံးပေါက်ကွဲမှုကြောင့်  စစ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တက္ကသိုလ်အနီးကို အမည်မသိအဖွဲ့က ကားတစ်စီးနဲ့ အထုတ်တစ်ထုတ်လာချအပြီး စစ်ကောင်စီတပ်တွေ ဖွင့်ဖောက်စစ်ဆေးစဉ် ဗုံးပေါက်ကွဲခဲ့တဲ့အတွက် တပ်သားနှစ်ဦး ဗုံးထိမှန်သေဆုံးသွားခဲ့တာလို့ တက္ကသိုလ်နဲ့နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

“တက္ကသိုလ်ရှေ့ကို အထုပ်တစ်ထုပ်လာချသွားလို့ ကျောင်းလုံခြုံရေးက စကစ ကို လှမ်းခေါ်တယ်ထင်တယ်။ စစ်ကောင်စီအဖွဲ့က အထုတ်ကို လာဖွင့်တော့မှထပေါက်တာ။ စစ်သားနှစ်ဦးသေတယ်။ ဘယ်သူအထုပ်လာချသွားလည်း ဆိုတာတော့ မသိဘူးလေ” လို့ တက္ကသိုလ်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲအပြီး တက္ကသိုလ်အနီး သေနတ်သံများကြားရကာ တက္ကသိုလ်ရှေ့ ကန်ဘောင်ပတ်ဝန်းကျင်၊ ဝန်ကြီးအိမ်ရာလမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ် စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

3 months Ago

March 6, 2021

ပြည်သူလက်မခံ၍ လွိုင်ကော်တက္ကသိုလ်တွင် နေရာချရန်လာသည့် ရဲတပ်ဖွဲ့ဝင်များ ပြန်ထွက်ခွာ

လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းက အားကစားရုံမှာ ရဲတပ်ဖွဲ့အင်အား ၁၀ ယောက်ကျော် ဒီကနေ့ ညနေ ၃ နာရီကျော်လောက်မှာ သွားရောက်နေရာချထားခဲ့ရာမှာ ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်တာကြောင့် ပြန်လည်ထွက်ခွာခဲ့ရပါတယ်။ 

အဆိုပါ အားကစားရုံအတွင်း လာရောက်နေရာချထားမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ အထုပ်အပိုးကိုယ်စီနဲ့ ရဲကားတစီးအပြင် ဆိုင်ကယ်တွေနဲ့ ဝင်ရောက်ခဲ့ကြတာပါ။

အဲဒီနေရာမှာ မနေဖို့ ပြည်သူတွေ သွားရောက်စုရုံးတောင်းဆိုခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။ 

ဒီလိုမထွက်ခွာခင် အဲဒီနေရာကို သွားရောက်စုရုံးခဲ့တဲ့လူတွေကလည်း ရဲတပ်ဖွဲ့အနေနဲ့ CDM မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ကြသလို တချို့ပြည်သူတွေက မျက်ရည်တွေကျပြီး တောင်းပန်ခဲ့တာ တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဘက်ကတော့ ဘာမှပြန်လည်တုံ့ပြန်မှုမရှိဘဲ အေးဆေးစွာ ပြန်လည်ထွက်ခွာသွားကြပါတယ်။

11 months Ago
Up