လှလှပပသွင်းဂိုး

January 2, 2017

ဂျရူး၏ လှလှပပသွင်းဂိုး အပါအဝင် ၂ ဂိုးပြတ်ဖြင့် အာဆင်နယ်က ပဲလေ့စ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဇန်နဝါရီ ၁ ရက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်က တိုက်စစ်မှူး ဂျရူးရဲ့ ကင်းမြီးကောက်ပုံစံ လှလှပပ ကန်သွင်းတဲ့ သွင်းဂိုးအပါအဝင် ၂ ဂိုး ဂိုးမရှိနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရသွားပါတယ်။ ဂျရူးရဲ့ သွင်းဂိုးဟာ သူ့ရဲ့ နည်းပြသက်တမ်း ၂၁ နှစ်အတွင်း အကောင်းဆုံးသွင်းဂိုး ၅ ဂိုးထဲမှာ ၁ ဂိုး ပါဝင်တယ်လို့လည်း နည်းပြ အာစင်ဝင်းဂါးက ချီးကျူး ပြောဆိုသွားပါတယ်။ အာစင်ဝင်းဂါးက ဒီပွဲမှာ ဂျရူးကို အထောင်တိုက်စစ်မှူး နေရာမှာ ထားခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ ဂျရူးက အာဆင်နယ်အတွက် အဖွင့်ဂိုးကို အခုလို လှလှပပ ကန်သွင်းပြီး ရယူပေးခဲ့တာပါ။ အာဆင်နယ်ဟာ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ်အသတ် အသာစီးရခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒုတိယဂိုးကိုတော့ ၅၆ မိနစ်မှာ အိုင်ဝိုဘီက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အာဆင်နယ်က ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ၁၆ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up