တရုတ်နိုင်ငံမှ အသက် ၇၈ နှစ်အရွယ် အဖွားအို ဒန်ဒါအိုဟန်ဟာ အံ့ဖွယ်လှပတဲ့ သစ်ထွင်းလက်ရာတွေကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားနေပါတယ်။
သူ့ရဲ့ လှပတဲ့ သစ်ထွင်းလက်ရာတွေကြောင့် ၂၀၀၈ ခုနှစ်မှာ ဟဘေးခရိုင် အစိုးရတာဝန်ရှိသူတွေရဲ့ “လက်မှုပညာရပ် အကျော်အမော်” တဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။
အဖွားအိုဟာ သူ့ရဲ့ အနုပညာဖန်တီးရာမှာ ရှေးခေတ်မူဟန်အတိုင်း ပုဆိန်၊ သစ်ထွင်းဓား၊ ပေတံ စတဲ့ ကိရိယာတွေကို အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ သစ်ထွင်းအနုပညာ ဖန်တီးမှုတွေထဲမှာ မှေးမှိန်ပျောက်ကွယ်တော့မယ့် ရိုးရာတွေကို ခေတ်အမြင်နဲ့ ဖန်တီးတင်ဆက်မှုတွေကို တွေ့ရမှာဖြစ်တယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ
5 years Ago