လှပတဲ့ ကန္တာရ

January 13, 2019

တရုတ်နိုင်ငံက ထူးဆန်းထွေလာ လှပတဲ့ ကန္တာရ (ရုပ်သံ)

တရုတ်နိုင်ငံရဲ့ အကြီးဆုံးကန္တာရဖြစ်တဲ့ တက်ခ်လာမာကံကန္တာရမှာ ဆောင်းရာသီ ထူးဆန်းထွေလာ ကမ္ဘာလို မြင်ကွင်းကို ဒီနှစ်အတွက် ပထမဆုံး တွေ့ရတာပါ။ နိုင်ငံ အနောက်မြောက်ပိုင်းက ကန္တာရအတွင်း သစ်ပင်တွေပေါ်မှာ နှင်းခဲတွေ အုံနေတာပါ။ ရှင်းကျန်းပြည်နယ်ထဲက ကန္တာရဟာ သဲစည်းခုံတွေ အဆက်မပြတ် ရှိနေလို့ လူကြိုက်များပါတယ်။ လေတိုက်နှုန်းကြောင့် တချိန်လုံး ရွေ့နေတဲ့ သဲခုံတွေပေါ်မှာ ခုတော့ နှင်းခဲ နှင်းပွင့်ဖတ်တွေ လွှမ်းခြုံထားပါတယ်။ ကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အစိုးရရဲ့ အကူအညီနဲ့ ဒေသခံတွေဟာ သစ်ပင်တွေ စိုက်ပြီး လေကာတန်း ခါးပတ်လမ်းတွေကို တည်ဆောက်ထားပါတယ်။ ဒီကန္တာရဟာ သဘာဝ သယံဇာတကြွယ်ဝပြီး မြေအောက်ရေ၊ ရေနံနဲ့ ဓာတ်ငွေ့လို အရင်းအမြစ်တွေကို ကန္တာရ အောက်မှာ သိုမှီးထားပါတယ်။
2 years Ago
Up