လွန်လွန်ကဲကဲတုံ့ပြန့်

February 15, 2020

ကိုရိုနာဗိုင်းရပ်စ်အပေါ် နိုင်ငံတကာ၏ လွန်လွန်ကဲကဲတုံ့ပြန်မှုကို တရုတ်ဝေဖန်

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအဖို့ စိန်ခေါ်မှုကြီးတရပ်ဆိုတာ ဝန်ခံပေမယ့် ရောဂါအပေါ်မှာ တခြားနိုင်ငံတွေရဲ့ လွန်လွန်ကဲကဲတုံ့ပြန့်တာကို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီ ၁၄ ရက်မှာ ဝေဖန်လိုက်ပါတယ်။  ဂျာမနီနိုင်ငံ ဘာလင်မြို့မှာလုပ်တဲ့ ရိုက်တာသတင်းဌာန  အင်တာဗျူးအတွင်း နိုင်ငံခြားရေးဝန်ကြိး ဝမ်ယိက ဗိုင်းရပ်စ်တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး  ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း ထိခိုက်စေတဲ့ မလိုလားအပ်တဲ့ အစီအမံတွေ မလုပ်ဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။  ဇန်နဝါရီလကစလို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့တာကို ထိန်းချုပ်တဲ့ အစီအမံတွေ လုပ်နေပါတယ်။ တချို့နိုင်ငံတွေဟာ သူတို့နိုင်ငံထဲ နိုင်ငံခြားသားဝင်ရောက်တာကို တားမြစ်ထားပါတယ်။  အမေရိကန် အစိုးရကလည်း  နိုင်ငံသားတွေကို တရုတ်ပြည်မသွားဖို့ သတိပေးခဲ့ပါတယ်။ ဒါကြောင့် ဆိုးရွားနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပြန်ကောင်းအောင် ကြိုပမ်းနေတဲ့ တရုတ်အစိုးရက ဒေါသဖြစ်ခဲ့တာပါ။  တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ တိကျပြတ်သားတဲ့ အသေးစိတ် အစီအမံတွေကို လုပ်ထားပြီး အတော်များများဟာ နိုင်ငံတကာကျန်းမာရေး စည်းမျဉ်း ၊ WHO အကြံပြုချက်တွေထက် သာလွန်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တုံ့ပြန်ခဲ့ပါတယ်။ 
1 year Ago
Up