လွတ်လပ်ခွင့်

May 26, 2020

အမျိုးသားလုံခြုံရေးဥပဒေ ဟောင်ကောင်၏လွတ်လပ်ခွင့်ကို ထိခိုက်စေမည်မဟုတ်ဟု ကယ်ရီလမ် ကတိပြု

အမျိုးသားလုံခြုံရေးဥပဒေဟာ ဟောင်ကောင်ရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို  ထိခိုက်စေမှာ မဟုတ်ဘဲ  ဟောင်ကောင်ပြည်သူတွေအနေနဲ့  ဥပဒေအသေးစိတ်ကို စောင့်ကြည့်ဖို့  ခေါင်းဆောင် ကယ်ရီလမ်က မေ ၂၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။  ခွဲထွက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ တရုတ်အစိုးရက စီစဉ်ခဲ့ပါတယ်။ ဥပဒေအရ ဟောင်ကောင်မှာ တရုတ်ထောက်လှမ်းရေးအေဂျင်စီတွေကို ထားရှိသွားမှာပါ။ မေ ၂၄ ရက်မှာတော့ ထောင်နဲ့ချီတဲ့ ဟောင်ကောင် ပြည်သူတွေက တရုတ်အစိုးရ အဆိုပြုတဲ့ လုံခြုံရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ  ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရေအမြောက်တွေသုံးပြီး လူစုခွဲခဲ့သလို လူနှစ်ရာနီးပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။    မေ ၂၇ ရက်မှာလည်း ဆန္ဒပြပွဲတွေ ထပ်မံပေါ်ပေါက်မယ် မျှော်လင့်ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up