လွတ်ငြိမ်းချမ်းသာခွင့်

January 29, 2023

TNLA က စစ်သုံ့ပန်းနှင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်သုံ့ပန်း ၁၁ ယောက်နဲ့ အကျဉ်းသား ၈ ယောက်တို့ကို ဇန်နဝါရီ ၂၈ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ တအောင်းသတင်းနှင့် ပြန်ကြားရေးကထုတ်ပြန်ပါတယ်။

တအာင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ ဖမ်းဆီးရမိတဲ့ RCSS/SSA တပ်သား စစ်သုံ့ပန်း ၁၁ ဦးနဲ့ ပြစ်မှုကျူးလွန်တဲ့အတွက် အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျခံနေတဲ့ အကျဥ်းသား ၈ ဦးတို့ကို PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းရဲ့ အမိန့်နဲ့  လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကလည်း အကျဥ်းသား ၇၃ ဦးကို  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး  အခု  ဒုတိယအကြိမ်မြောက်အဖြစ် ထပ်လွှတ်ပေးတာပါ။

PSLF/TNLAဟာ  နယ်မြေတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်လာပြီး  ဇန်နဝါရီ ၂၇ ရက်ကလည်း လက်ဖက်စိုက်တောင်သူတွေနဲ့ တွေ့ဆုံကာ လက်ဖက်လုပ်ငန်း အားကောင်းမောင်းသန်ဖြစ်လာစေရေး ဆွေးနွေးခဲ့ကြပြီး လက်ဖက်လုပ်ငန်းကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးကြောင်း ကြေညာခဲ့ပါတယ်။

6 days Ago

December 8, 2022

ဘာလီဗုံးခွဲမှုတွင် နောက်ကွယ်မှ ဗုံးထုတ်လုပ်ခဲ့သူအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှု နောက်ကွယ်မှာ ဗုံးထုတ်လုပ်သူ အူမာပါတက်ခ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ တရားဥပဒေနဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အစောပိုင်းဆယ်စုနှစ်တခုက ဘာလီနိုက်ကလပ်နှစ်ခုကို ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ဗုံးဖောက်ခွဲမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးတဲ့နောက် ပါတက်ခ်ဟာ ၂၀၁၂ ခုနှစ်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သူလွတ်မြောက်လာပြီးတဲ့နောက် ပါတက်ခ်ဟာ ၂၀၃၀ ဧပြီလအထိ “လမ်းညွှန်ခြင်းအစီအစဉ်” မှာ ပါဝင်ဖို့ လိုအပ်ပါတယ်။

ပါတက်ခ်ဟာ ဒီကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ချိုးဖောက်မှု တစုံတရာ ကျူးလွန်ခဲ့ရင် သူ့ရဲ့ လွတ်ငြိမ်းခွင့်ကို ပြန်ရုပ်သိမ်းမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ ဂျမား အစ်လာမီယာ အဖွဲ့ဝင် ပါတက်ခ်ဟာ ပြစ်ဒဏ်လျှော့ပေါ့ပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တယ်လို့ အင်ဒိုနီးရှားအစိုးရက သြဂုတ်လမှာ ပြောခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကို ဗုံးခွဲမှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေက ဝေဖန်ခဲ့ကြပါတယ်။

2 months Ago
More News
Up