ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်ကုန်းကျေးရွာမှာ ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်မှ ဆရာဝန်များ၊ ပါရဂူများ ပါဝင်တဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့ဟာ ညောင်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူတွေကို ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့က ဆရာဝန်နဲ့ ပါရဂူ ၄၀ ကျော်ဟာ မျက်စိမှလွဲပြီး ကျန်တဲ့အထွေထွေရောဂါကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး အသေးစား ခွဲစိတ်တာတွေလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။
လှည်းကူးမြို့နယ် ညောင်ကုန်းကျေးရွာအပါအ၀င် အနီးအနား ဝန်းကျင်ကျေးရွာပေါင်း ၁၀ ရွာမှ ဆေးလာကုသူလူနာ ၅၀၀ ကျော်လာရောက်ကုသခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုကို ဒါပထမဦးဆုံး ပြုလုပ်ခဲ့တာဖြစ်တယ်”လို့ လှည်းကူးမြို့နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။ (သတင်းဓာတ်ပုံ - ဦးညိုထွန်း)
7 years Ago