လှည်းကူး

October 29, 2018

လှည်းကူးမြို့နယ်တွင် စက်လှေမှောက်ပြီး လူ ၃ ဦး ရေနစ်သေဆုံး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သက်ကယ်မြှောင် တောစခန်းအနီး ပေါင်းလင်းဆည်ထဲမှာ  အောက်တိုဘာ ၂၈ ရက်က စက်လှေတစီး တိမ်းမှောက်ပြီး လူ ၃ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။ အုန္နဲပင်ကျေးရွာကနေ သက်ကယ်မြှောင်တောစခန်းကို မောင်းနှင်သွားတဲ့  အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၉ ဦးလိုက်ပါလာတဲ့ စက်လှေတစီးဟာ ဝမ်းဗိုက်ကနေ ရေစိမ့်ဝင်ရာကနေ နစ်မြုပ်ခဲ့လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖောင်ကြီး ရဲစခန်းက သိရပါတယ်။ ရေနစ်သေဆုံးသွားတဲ့ မအေးအေးလှိုင်အပါအ၀င် ၃ ဦးရဲ့ အလောင်းတွေကို  ဖောင်ကြီး တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။ အဆိုပါ စက်လှေနစ်မြုပ်မှုနဲ့ ပတ်သက်လို့ ဖောင်ကြီးနယ်မြေရဲစခန်းက  စက်လှေမောင်းသမား အောင်တင်ဝင်းကို ပေါ့လျော့မှုကြောင့် လူသေမှု၊ မဆင်မခြင်မောင်းနှင်မှုတွေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
3 years Ago

July 19, 2015

လှည်းကူးတွင် ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ)

၆၈ နှစ်မြောက် အာဇာနည်နေ့ အလေးပြုခြင်း အခမ်းအနားကို လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ ဗိုလ်ချုပ်အောင်ဆန်း ကျောက်တိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဖောင်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရပ်ကျေးအဖွဲ့ဝင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့စည်းတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ရပ်ကွက်နေ ပြည်သူလူထုတွေ တက်ရောက်အလေးပြုကြပါတယ်။ သတင်းဓာတ်ပုံ - ညိုထွန်း(ဖောင်ကြီး)  
6 years Ago
Up