လွဲချော်မည်

December 23, 2017

မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာ ဒဏ်ရာကြောင့် ၄ ပွဲဆက် လွဲချော်မည်

မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာဟာ တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ် ၄ ပွဲ လောက်လွဲချော်မယ်လို့ နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ လာမယ့် ခရစ္စမတ်ပွဲကျပ်ကာလမှာ လက်စတာ၊ ဘန်လေ၊ ဆောက်သမ်တန်၊ အဲဗာတန်အသင်းတွေနဲ့ တစ်ပတ်အတွင်း ၄ ပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲတွေမှာ ဗလင်စီယာ လွဲချော်တော့မှာပါ။ ဗလင်စီယာဟာ ၀က်စ်ဘရွန်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ မန်ယူအသင်းမှာ နောက်ခံလူ ဘိုင်ယီဟာလည်း ခြေကျင်းဝတ်ဒဏ်ရာ မသက်သာတာကြောင့် ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ နောက်ထပ် ၂ လလောက် ဆက်ပြီး အနားယူရမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကာရစ်နဲ့ ဖယ်လိုင်နီတို့ဟာလည်း ဒဏ်ရာရနေတာကြောင့် ခရစ္စမတ်ပွဲကျပ်ကာလမှာ အခက်တွေ့ဖွယ်ရှိနေပါတယ်။
4 years Ago

October 28, 2017

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် မန်ယူနှင့်ပွဲ လွဲချော်မည်

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် မန်ယူနဲ့ပွဲကို တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်တော့မယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းဟာ လီဗာပူးအသင်းကို အနိုင်ရတဲ့ ပွဲမှာ အဲဒီဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေ မပြင်းထန်ပေမယ့် မန်ယူနဲ့ပွဲမှာ စွန့်စားအသုံးပြုမှာမဟုတ်ဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက အတည်ပြုပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကိုလည်း လွဲချော်ဖို့ရှိနေပြီး အဒီပွဲနောက်ပိုင်းမှာ ပြန်ကောင်းလာဖို့ရှိပါတယ်။ ဟယ်ရီကိန်း မပါနိုင်တာဟာ ပြသနာတခုဖြစ်ပေမယ့် တခြားကစားသမားတွေရဲ့ အရည်အချင်းကို ယုံကြည်မှု ရှိတယ်လို့လည်း ပိုချက်တီနိုကပြောပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဟယ်ရီကိန်း ဒဏ်ရာတဲ့အချိန်မှာ ၇ ပွဲကစားခဲ့ရပြီး ၅ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။ အသက် ၂၄ နှစ်ရှိ ဟယ်ရီကိန်းဟာ ဒီနှစ်ရာသီမှာ စပါးအသင်းအတွက် ၁၂ ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူထားပါတယ်။
4 years Ago
Up