လွိုင်​​ကော်​ဆေးရုံကြီးတွင်​ အကြားအာရုံေ​ဝဒနာရှင်​များကိုအခမဲ့ကု

March 26, 2018

လွိုင်​​ကော်​ဆေးရုံကြီးတွင်​ အကြားအာရုံေ​ဝဒနာရှင်​များကိုအခမဲ့ကု

  မြန်​မာ-ထိုင်း သံတမန်​ဆက်​ဆံ​မှုထူ​ထောင်​ခြင်း နှစ်​ ၇၀ ပြည့် အထိမ်းအမှတ်​အဖြစ်​ ကယားပြည်​နယ်​ရှိ အကြားအာရုံ​ဝေဒနာရှင်​တွေကို လွိုင်​​ကော်​ပြည်သူ့ ​ဆေးရုံကြီးနဲ့ ထိုင်းနိုင်​ငံ Ragavithi​ဆေးရုံတို့ ပူး​ပေါင်းပြီး​ အခမဲ့ စစ်​​ဆေးကုသ​ပေး​နေပါတယ်​။ နှစ်​နိုင်​ငံ ပူး​ပေါင်းလုပ်​​ဆောင်​တဲ့ ဒီအစီအစဉ်​ရဲ့ ဖွင့်​ပွဲအခမ်းအနားမှာ မြန်​နိုင်​ငံဆိုင်​ရာ ထိုင်းသံအမတ်​ကြီး ဂျူကာဘွမ်းလောင်းနဲ့ ကယားပြည်​နယ်​ အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ ကယားပြည်​နယ်​အစိုးရအဖွဲ့ လုံခြုံ​ရေးနှင့် နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီးမြင့်ဝေက "မြန်​မာ-ထိုင်း နှစ်​နိုင်​ငံရဲ့ သံတမန်​ဆက်​ဆံ​ရေး ထူ​ထောင်​ခြင်း အထိမ်းအမှတ်​အ​နေနဲ့ ​သော်​လည်း​ကောင်း၊ ကျန်းမာ​ရေးနဲ့ အားကစားဝန်​ကြီးဌာနရဲ့ မူဝါဒ၊ ရည်​မှန်းချက်​နဲ့ လုပ်​ငန်းစဉ်​များကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​တဲ့ အ​နေနဲ့​သော်​လည်း​ကောင်း၊ ကယားပြည်​နယ်​မှာရှိတဲ့ တိုင်းရင်းသား ညီအစ်​ကို ​မောင်​နှမတွေရဲ့ ကျန်းမာ​ရေး ​စောင့်​​ရှောက်​မှုအတွက်​ ယခုလို သီးခြားအစီအစဉ်​နဲ့ ​ဆောင်​ရွက်​​ပေးတာ ဖြစ်​ပါတယ်​"လို့ ဖွင့်​ပွဲ အခမ်းအနားအစီအစဉ်​မှာ ​ပြောပါတယ်​။ ဒီအစီအစဉ်​ကို ထိုင်းနိုင်​ငံနဲ့ နယ်​နိမိတ်​ချင်း ထိစပ်​​နေတဲ့ ရှမ်းပြည်​နယ်​၊ မွန်​ပြည်​နယ်​နဲ့ တနင်္သာရီတိုင်း​ဒေသ​တွေမှာ ​ဆောင်​ရွက်​ခဲ့ပြီးဖြစ်​သလို ကယားပြည်​နယ်​မှာ​တော့ ပထမဆုံးကြိမ် ​ဆောင်​ရွက်​​နေတာလို့ ဗိုလ်​မှူးကြီး မြင့်​​ဝေက ​ပြောပါတယ်​။ ကယားပြည်​တွင်းက လွိုင်​​ကော်​၊ ဒီး​မော့ဆို၊ ဖရူဆို၊ ဖား​ဆောင်း၊ မယ်​စဲ့နဲ့ ရွာသစ်​မြို့နယ်​​တွေက အကြားအာရုံ ခံစား​နေရသူ​တွေကို အခမဲ့ စစ်​​ဆေးကုသ​ပေး​နေတာပါ။ မြန်​မာ - ထိုင်း နှစ်​နိုင်​ငံ ပူး​ပေါင်း လုပ်​​ဆောင်​တဲ့ "Ear Surgery Mobile Unit" အစီအစဉ်​ဟာ မတ်​လ ၂၆ ရက်​​ကနေ ၂၈ ရက်​​အထိ ၃ ရက်​ကြာမြင့်မှာ ဖြစ်​ပါတယ်​။ မြန်​မာနိုင်​ငံ ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာန၊ ထိုင်းနိုင်​ငံ ကျန်းမား​ရေးဝန်​ကြီးဌာနနဲ့ မြန်​မာနိုင်​ငံဆိုင်​ရာ ထိုင်းသံရုံးတို့က ဦး​ဆောင်​ပြီး​ ဒီအစီအစဉ်​ကို အ​ကောင်​အထည်​​ဖော်​​ ဆောင်​​နေတာလည်း ဖြစ်​ပါတယ်​။ ခွန်းတူးတူး​လေး(လွိုင်​​ကော်​)
4 years Ago
Up