လွိုင်ကော်မြို့ရှိ အမျိုးသားတိုးတက်ရေးပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

A d v e r t i s e m e n t With Us

November 7, 2015

လွိုင်ကော်မြို့ရှိ အမျိုးသားတိုးတက်ရေးပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံရ (ရုပ်သံ)

ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်းရှိ အမျိုးသားတိုးတက်ရေးပါတီ ဆိုင်းဘုတ်တွေကို နိုဝင်ဘာ ၇ ရက် နေ့လယ်က အရက်မူးနေတဲ့ အမျိုးသားတဦး ဖျက်ဆီးပြီး ကားလမ်းမပေါ်မှာ ဖြန့်ကြဲထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားတိုးတက်ရေးပါတီမှ တာဝန်ရှိသူ ဦးခင်မောင်ကို ဒီဗွီဘီ နယ်ခံသတင်းထောက်က မေးမြန်းရာ အကြောင်းရင်းကို ကောင်းကောင်းမသိသေးလို့ မဖြေနိုင်ဘူးလို့ ပြောပါတယ်။ ဖျက်ဆီးသူကိုတော့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။ သတင်းရုပ်သံ - ပြည်ဟိန်းကျော်
5 years Ago
Up