အာဆင်နယ်အသင်းဟာ ကစားသမားဟောင်း ဖရက်ဒီ လွန်းဘာဂ့်ကို အသင်းကြီးရဲ့ လက်ထောက်နည်းပြရာထူးတိုးပေးခဲ့တယ်လို့သိရပါတယ်။
ယူ ၂၃ အသင်းကို ကိုင်တွယ်နေတဲ့ လွန်းဘာဂ့်ဟာ ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီးတော့ နည်းပြ အူနိုင်းအန်မရီရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် စတင်လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။
ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရတဲ့ လွန်းဘာဂ့်ကတော့ သူ့အသင်းရဲ့ လူငယ်ကစားသမားကောင်းတွေကို အသင်းကြီးမှာ အသုံးပြုနိုင်ပြီးတော့ နည်းပြအူနိုင်းအန်မရီနဲ့ လက်တွဲပြီး အာဆင်နယ်အသင်းအတွက် ဆုဖလားရယူပေးနိုင်ဖို့ မျှော်လင့်ကြောင်း ကလပ်ရဲ့တရားဝင်စာမျက်နှာမှာ ပြောကြားထားပါတယ်။
လက်ထောက်နည်းပြဖြစ်တဲ့ စတိဗ်ဘိုးလ်ဒ်ကတော့ ယူ ၂၃ အသင်းနည်းပြအဖြစ်ပြောင်းလဲ တာဝန်ယူရတော့မှာလည်း ဖြစ်ပါတယ်။
စတိဗ်ဘိုးလ်ဒ်အနေနဲ့ အာဆင်နယ်ယူ ၂၃ အသင်းနဲ့ ယူ ၁၈ အသင်းတို့အပြင် အာဆင်နယ် အကယ်ဒမီက မာတီဆက်ကာနဲ့အတူ တွဲဖက်လုပ်ကိုင်နေရတာကြောင့် အလုပ်တာဝန်ပိနေပြီး အခုလို လွန်းဘာဂ့်ကို လက်ထောက်နည်းပြ တာဝန်ယူခိုင်းခြင်းနဲ့ အလုပ်တာဝန်တွေကို လျော့ချနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
2 years Ago