လွတ်မြောက်ဝက်ဝံကို မေ့ဆေးဖြင့် ပစ်ခတ်ဖမ်းဆီး

A d v e r t i s e m e n t With Us

April 26, 2016

လွတ်မြောက်ဝက်ဝံကို မေ့ဆေးဖြင့် ပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးယောက် ကော့လက်မှာ ပေါင် ၂၀၀ နီးပါးရှိတဲ့ ၀က်ဝံအနက်တကောင်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မေ့ဆေးနဲ့ ပစ်ခတ်ဖမ်းဆီးပါတယ်။ ကားတစီးရှေ့မှာ ၀က်ဝံ ဖြတ်သွားတာကို အနီးအနားက လူတွေက တွေ့မြင်ပြီးတဲ့နောက် ရဲကို ဖုန်းဆက် အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။ ၀က်ဝံကို လိုက်လံဖမ်းဆီးရာမှာ ၀က်ဝံက သစ်ပင်ပေါ် တက်ပြေးတဲ့အတွက် မေ့ဆေးသုံး ဖမ်းဆီးခဲ့ရပါတယ်။ မေ့ဆေးကြောင့် သတိမေ့သွားတဲ့ ၀က်ဝံက သစ်ကိုင်းသစ်ခက်တွေနဲ့ ထိခိုက်မိပြီးတော့ အောက်ကိုအကျမှာ အောက်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်သမားတွေက အသက်ကယ် ပိုက်ကွန်နဲ့ ခံထားခဲ့ပါတယ်။ ၀က်ဝံရဲ့ အခြေအနေကိုတော့ ကျွမ်းကျင်သူတွေက စောင့်ကြည့်နေတယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago
Up