လွတ်လပ်ရေးအထိမ်းအမှတ် ရေးမြို့၌ ရိုးရာလှေသဘင်ပွဲတော်ကျင်းပ

January 2, 2018

လွတ်လပ်ရေးအထိမ်းအမှတ် ရေးမြို့၌ ရိုးရာလှေသဘင်ပွဲတော်ကျင်းပ

  နှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီ ၂ ရက်နေ့ မနက်က မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ မြန်မာ့ရိုးရာလှေသဘင်ပွဲတော်ကို စတင် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က မြန်မာ့ရိုးရာလှေသဘင် ဖြစ်လာပုံ သမိုင်းအကြောင်းကို ထည့်သွင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ထွန်းခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။ မြန်မာ့ရိုးရာလှေသဘင်ပြိုင်ပွဲဝင် ၁၁ သင်းအနက် ပထမအုပ်စုပတ်လည်မှာ အမျိုးသား ၇ ဦးလှော်နဲ့ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်လှော်ခတ်သွားမယ်လို့ ကျင်းပရေး ကော်မတီကသိရပါတယ်။ လွတ်လပ်ရေးနေ့မှာ ဗိုလ်လုပွဲမှာ ပထမ ၇ သိန်း၊ ဒုတိယ ၅ သိန်း၊ တတိယဆုက ၃ သိန်း နဲ့ တခြားဆုတွေ ထပ်မံချီးမြှင့်ပေးသွားဖို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
3 years Ago
Up