တရုတ်ပြည်မကြီးကနေ လွပ်လပ်ရေးကြေညာဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့က တရုတ် တိုင်ပေမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို သမ္မတ စိုင်းအင်ဝမ်ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီဌာနချုပ် အနီးမှာ ကျင်းပခဲ့ပြီး လွန်ခဲ့တဲ့ ၆ လက တည်ထောင်ခဲ့တဲ့ ဖော်မိုဆာမဟာမိတ်အဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်ပါတယ်။
သမ္မတ စိုင်းအင်ဝမ် ရာထူးလက်ခံကတည်းက တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။ တရုတ်အစိုးရကလည်း စိုင်းအင်ဝမ်ဟာ တရား ၀င်လွတ်လပ်ရေး တောင်းဆိုဖို့ ဆန္ဒရှိတယ်ဆိုပြီး သံသယရှိနေတာပါ။
တရုတ်အစိုးရက ထိုင်ဝမ်ကို ကိုင်တွယ်ရခက်တဲ့ ပြည်နယ်တခုအဖြစ် ရှုမြင်ထားပါတယ်။ ဒီနှစ်အတွင်း တရုတ်အစိုးရဟာ တိုင်ပေကျွန်းအနီး လေကြောင်းနဲ့ ရေကြောင်း စစ်ရေး လေ့ကျင့်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
4 years Ago