လျှို့ဝှက်အုတ်ဂူ

A d v e r t i s e m e n t With Us

October 30, 2020

မက္ကဆီကိုတွင် လျှို့ဝှက်အုတ်ဂူများထဲ မြှုပ်ထားသည့် ရုပ်အလောင်း ၅၉ လောင်းတွေ့ရှိ

မကြာသေးခင် နှစ်တွေက မူးယစ်ဂိုဏ်း အကြမ်းဖက်မှုတွေ အမြင့်ဆုံးဖြစ်ခဲ့တဲ့ မက္ကဆီကိုအလယ်ပိုင်းမှာ လျှို့ဝှက်အုတ်ဂူတွေထဲ မြှုပ်ထားတဲ့ ရုပ်အလောင်း ၅၉ လောင်းကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက်မှာ ပြောဆိုခဲ့ပါတယ်။  အဲဒီထဲက ၁၀ ခုဟာ အမျိုးသမီး ရုပ်အလောင်းတွေ ဖြစ်ပြီး အများစုက လူငယ်တွေ၊ ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ ရှာဖွေရေး ကော်မရှင်က ဆိုပါတယ်။  အဲဒီရုပ်အလောင်းတွေကို ဂွမ်နာဟွာတိုပြည်နယ် ဆယ်ဗာတီယာရာ ဒေသမှာ တွေ့ခဲ့ပြီး အဲဒီဒေသဟာ ပြိုင်ဘက်မူးယစ်ဂိုဏ်းတွေအကြား တိုက်ခိုက်မှုတွေနဲ့ လူသတ်မှုနှုန်း မြင့်တက်နေပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ သြဂုတ်လအတွင်း ဂွမ်နာဟွာတိုပြည်နယ်မှာ လူသတ်မှု ပေါင်း ၂,၂၅၀ နဲ့ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
3 months Ago
Up