လျှပ်စစ်မီးကြိုး

August 22, 2021

ရေဦးမြို့နယ် ပုဏ္ဏားကားရွာက လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ပုဏ္ဏားကားကျေးရွာကနေ ကားလမ်းဘေး နေအိမ်တွေကို သွယ်တန်းပေးထားတဲ့ လျှပ်စစ်မီး (ကြေး) ကြိုးတွေ ဩဂုတ် ၂၁ ရက်ညပိုင်းက ဖြုတ်ခိုးခံရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဓာတ်တိုင်လေးခန်း‌ ဖြုတ်ခိုးသွားတယ်ဗျ။ အဲဒီကြိုးတွေက ကျနော်တို့ရွာကနေ ကားလမ်းဘေးက အိမ်တွေအတွက် သီးသန့်ဆွဲပေးထားတာ။ ၄ ခန်းဆိုတော့ ပေခြောက်ရာလောက်ပဲ။ ပေခြောက်ရာ ၄ ချောင်းဆိုတော့ ပိဿာနဲ့တွက်မယ်ဆိုရင် မနည်းဘူးလေ။ ပြီးတော့ ကြေးကြိုးတွေချည်းပဲ” လို့ ပြောပါတယ်။

ရေဦးမြို့နယ်အတွင်း အခုလို လျှပ်စစ်မီးကြိုးခိုးယူခံရတာ ပထမဆုံးဖြစ်ပြီး အခုရက်ပိုင်း လုယက်မှုနဲ့ခိုးယူမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

4 months Ago
Up