လျော်ကြေး ပေးပြီး မွေးစား

August 1, 2019

ကားဖြင့်တိုက်မိသေဆုံးသွားသည့် ဇနီးမောင်နှံ၏သမီးနှစ်ဦးကို ဘတ် ၄၅ သန်း လျော်ကြေး ပေးပြီး မွေးစား

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဧပြီလက လုပ်ငန်းရှင်သူဌေးတဦးမောင်းလာတဲ့ ကားနဲ့ ဒုရဲမှူးကြီးမိသားစု စီးလာတဲ့ကားတို့ တိုက်မိပြီး ဒုရဲမှူးကြီးရော ဇနီးဖြစ်သူပါ အခင်းဖြစ်နေရာမှာ သေဆုံးကာ အသက် ၁၂ နှစ်ရွယ် သမီးလေးပါ ဒဏ်ရာပြင်း စွာရခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အသက် ၅၆ နှစ်ရွယ် လုပ်ငန်းရှင်သူဌေးဖြစ်သူ နိုင်းဆုမ်ချိုင်း ဝေရုတ်ဖိဝပ်က အရက်မူးပြီး ကားမောင်းတဲ့အတွက် အပြစ်လုံးလုံးရှိပြီး ယာဉ်စည်းကမ်း ဥပဒေ၊ တပါးသူအား အသက်သေဆုံးသည်ထိ ထိခိုက်စေမှုတွေနဲ့ တရားရုံးမှာ စွဲချက်တင်ခံ ထားရတာပါ။ ဇူလိုင် ၃၁ ရက်က ဘန်ကောက် တလင်ချန်းမြို့နယ်တရားရုံးမှာ တရားသူကြီးက သူဌေးကို ထောင်ဒဏ် ၆ နှစ် နဲ့ ငွေဒဏ် ၂ သိန်း ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြစ်မှု ကျူးလွန်သူ သူဌေးမှာ သူ့အပြစ်ကို ဝန်ခံပြီး သေဆုံးသူရဲ့ ကျန်ရစ်သူ မိသားစုကို ပြန်လည်ထောက်ပံ့ခြင်း၊ ယခင်က ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဖူးခြင်း၊ တရားရုံးက ချိန်းဆိုခဲ့တဲ့ အကြိမ်တိုင်းကို မပျက်မကွက် လာရောက်နာကြားခြင်း စတာတွေကြောင့် တရားရုံးက သူ့ကို ထောင်ဒဏ် ၃ နှစ် နဲ့ ငွေဒဏ် ၁ သိန်း (ဆိုင်းငံ့ပြစ်ဒဏ် ) လျှော့ချပေးလိုက်ပါတယ်။ သူဌေးကြီးဟာ ဒုရဲမှူးကြီးဇနီးမောင်နှံ ကွယ်လွန်ပြီးပြီးချင်း သေသူရဲ့ နှစ်ဖက်မိခင်ကို ခြေစုံဖက် တောင်းပန်ခဲ့ပြီး သူတို့အသုဘမှာ သင်္ကန်းဝတ်ပြီး အလှူပြုခဲ့ပါတယ်။ သေသူရဲ့ မိခင်က နောက်နောင် အရက်မသောက်ဖို့ ပြောတဲ့အတွက် သူ့အနေနဲ့  ရာသက်ပန် ဖြတ်လိုက်ကြောင်း မီဒီယာတွေကို သက်သေပြု ပြောကြားခဲ့ပါတယ်။ မတော်တဆ ထိခိုက်မှုကြောင့် ပျက်စီးသွားတဲ့ကားကို ပြန်လျော်ပေးတဲ့အနေနဲ့ရော ကျန်ရစ်သူမိ သားစုကို ထောက်ပံ့တဲ့အနေနဲ့ပါ ဘတ်ငွေ ၄၅ သန်းကိုလည်း ပေးအပ်ခဲ့ပါတယ်။ မနေ့က တရားရုံးဆုံးဖြတ်ချက်အပြီးမှာ သူဌေးက နစ်နာသူမိသားစုကို နောက်ထပ် ထောက်ပံ့ကြေး တလ ဘတ် ၄ သောင်းနဲ့ နောက်ထပ် ၈ နှစ်ကြာတဲ့အထိ ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း၊ ၂ သောင်းမှာ သေဆုံးသူရဲ့ သမီး ၂ ယောက်အတွက် ကျောင်းစရိတ် တလ ဘတ် ၁ သောင်းစီဖြစ်ပြီး ကျန် ၂ သောင်းမှာ မိသားစု အသုံးစရိတ်ဖြစ်ကြောင်း၊ ဒါ့အပြင် မိဘမဲ့ မိန်းကလေး ၂ ယောက်ကိုလည်း  သမီးရင်းလို ပြုစုစောင့်ရှောက်သွားမယ့်အကြောင်း မီဒီယာရှေ့မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူရဲ့ သမီး ၂ ဦးဖြစ်သူ နောင့်ဖွဲ (၁၆ နှစ်) နဲ့ နောင့်ဖဲ (၁၂ နှစ်) တို့ကလည်း ခွင့်လွှတ်ခြင်းဟာ အကောင်းဆုံး ဖြစ်ကြောင်း၊ ခွင့်မလွှတ်ဘူးဆိုရင် ဘာမှအကျိူးမရှိကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ တရားရုံးကနေ ပြန်ခါနီးမှာ သမီးငယ် နောင့်ဖဲ (ယာဉ်တိုက်မှုကြောင့် ဆေးရုံတွင် လနဲ့ချီ နေခဲ့ရသူ မိန်းကလေး) က သူဌေးကြီးရဲ့ လက်ကို ဖက်တွယ်ထားပြီး သူဌေးကလည်း သမီးရင်းလို ပြန်ဖက်တာဟာ တကယ့်သားအဖလိုဖြစ်ပြီး  မြင်သူတိုင်းကို ကြည်နူးစေခဲ့ပါတယ်။ မိမိအမှားကို ဝန်ခံပြီး အတတ်နိုင်ဆုံး တာဝန်ယူခဲ့တဲ့ သူဌေးကြီးကိုရော၊ ကိုယ့်မိဘ နှစ်ပါး  သေဆုံးအောင် ပြုလုပ်ခဲ့သူအပေါ် ခွင့်လွှတ်နိုင်တဲ့ မိန်းကလေးငယ် ၂ ယောက်ကိုပါ ထိုင်းလူမှုကွန်ရက်မှာ ချီးကျူးထောမနာပြုနေကြပါတယ်။
ကားျဖင့္တိုက္မိေသဆုံးသြားသည့္ ဇနီးေမာင္ႏွံ၏သမီးႏွစ္ဦးကို ဘတ္ ၄၅ သန္း ေလ်ာ္ေၾကး ေပးၿပီး ေမြးစား DVB ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ၿပီးခဲ့တဲ့ ဧၿပီလက လုပ္ငန္းရွင္သူေဌးတဦးေမာင္းလာတဲ့ ကားနဲ႔ ဒုရဲမႉးႀကီးမိသားစု စီးလာတဲ့ကားတို႔ တိုက္မိၿပီး ဒုရဲမႉးႀကီးေရာ ဇနီးျဖစ္သူပါ အခင္းျဖစ္ေနရာမွာ ေသဆုံးကာ အသက္ ၁၂ ႏွစ္႐ြယ္ သမီးေလးပါ ဒဏ္ရာျပင္း စြာရခဲ့ပါတယ္။ ဒီျဖစ္ရပ္မွာ အသက္ ၅၆ ႏွစ္႐ြယ္ လုပ္ငန္းရွင္သူေဌးျဖစ္သူ ႏိုင္းဆုမ္ခ်ိဳင္း ေဝ႐ုတ္ဖိဝပ္က အရက္မူးၿပီး ကားေမာင္းတဲ့အတြက္ အျပစ္လုံးလုံးရွိၿပီး ယာဥ္စည္းကမ္း ဥပေဒ၊ တပါးသူအား အသက္ေသဆုံးသည္ထိ ထိခိုက္ေစမႈေတြနဲ႔ တရား႐ုံးမွာ စြဲခ်က္တင္ခံ ထားရတာပါ။ ဇူလိုင္ ၃၁ ရက္က ဘန္ေကာက္ တလင္ခ်န္းၿမိဳ႕နယ္တရား႐ုံးမွာ တရားသူႀကီးက သူေဌးကို ေထာင္ဒဏ္ ၆ ႏွစ္ နဲ႔ ေငြဒဏ္ ၂ သိန္း ခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ျပစ္မႈ က်ဴးလြန္သူ သူေဌးမွာ သူ႔အျပစ္ကို ဝန္ခံၿပီး ေသဆုံးသူရဲ႕ က်န္ရစ္သူ မိသားစုကို ျပန္လည္ေထာက္ပံ့ျခင္း၊ ယခင္က ဘာျပစ္မႈမွ မက်ဴးလြန္ခဲ့ဖူးျခင္း၊ တရား႐ုံးက ခ်ိန္းဆိုခဲ့တဲ့ အႀကိမ္တိုင္းကို မပ်က္မကြက္ လာေရာက္နာၾကားျခင္း စတာေတြေၾကာင့္ တရား႐ုံးက သူ႔ကို ေထာင္ဒဏ္ ၃ ႏွစ္ နဲ႔ ေငြဒဏ္ ၁ သိန္း (ဆိုင္းငံ့ျပစ္ဒဏ္ ) ေလွ်ာ့ခ်ေပးလိုက္ပါတယ္။ သူေဌးႀကီးဟာ ဒုရဲမႉးႀကီးဇနီးေမာင္ႏွံ ကြယ္လြန္ၿပီးၿပီးခ်င္း ေသသူရဲ႕ ႏွစ္ဖက္မိခင္ကို ေျခစုံဖက္ ေတာင္းပန္ခဲ့ၿပီး သူတို႔အသုဘမွာ သကၤန္းဝတ္ၿပီး အလႉျပဳခဲ့ပါတယ္။ ေသသူရဲ႕ မိခင္က ေနာက္ေနာင္ အရက္မေသာက္ဖို႔ ေျပာတဲ့အတြက္ သူ႔အေနနဲ႔ ရာသက္ပန္ ျဖတ္လိုက္ေၾကာင္း မီဒီယာေတြကို သက္ေသျပဳ ေျပာၾကားခဲ့ပါတယ္။ မေတာ္တဆ ထိခိုက္မႈေၾကာင့္ ပ်က္စီးသြားတဲ့ကားကို ျပန္ေလ်ာ္ေပးတဲ့အေနနဲ႔ေရာ က်န္ရစ္သူမိ သားစုကို ေထာက္ပံ့တဲ့အေနနဲ႔ပါ ဘတ္ေငြ ၄၅ သန္းကိုလည္း ေပးအပ္ခဲ့ပါတယ္။ မေန႔က တရား႐ုံးဆုံးျဖတ္ခ်က္အၿပီးမွာ သူေဌးက နစ္နာသူမိသားစုကို ေနာက္ထပ္ ေထာက္ပံ့ေၾကး တလ ဘတ္ ၄ ေသာင္းနဲ႔ ေနာက္ထပ္ ၈ ႏွစ္ၾကာတဲ့အထိ ေထာက္ပံ့ေပးသြား မွာျဖစ္ေၾကာင္း၊ ၂ ေသာင္းမွာ ေသဆုံးသူရဲ႕ သမီး ၂ ေယာက္အတြက္ ေက်ာင္းစရိတ္ တလ ဘတ္ ၁ ေသာင္းစီျဖစ္ၿပီး က်န္ ၂ ေသာင္းမွာ မိသားစု အသုံးစရိတ္ျဖစ္ေၾကာင္း၊ ဒါ့အျပင္ မိဘမဲ့ မိန္းကေလး ၂ ေယာက္ကိုလည္း သမီးရင္းလို ျပဳစုေစာင့္ေရွာက္သြားမယ့္အေၾကာင္း မီဒီယာေရွ႕မွာ ေျပာၾကားခဲ့ပါတယ္။ ေသဆုံးသူရဲ႕ သမီး ၂ ဦးျဖစ္သူ ေနာင့္ဖြဲ (၁၆ ႏွစ္) နဲ႔ ေနာင့္ဖဲ (၁၂ ႏွစ္) တို႔ကလည္း ခြင့္လႊတ္ျခင္းဟာ အေကာင္းဆုံး ျဖစ္ေၾကာင္း၊ ခြင့္မလႊတ္ဘူးဆိုရင္ ဘာမွအက်ိဴးမရွိေၾကာင္း သတင္းေထာက္ေတြကို ေျပာပါတယ္။ တရား႐ုံးကေန ျပန္ခါနီးမွာ သမီးငယ္ ေနာင့္ဖဲ (ယာဥ္တိုက္မႈေၾကာင့္ ေဆး႐ုံတြင္ လနဲ႔ခ်ီ ေနခဲ့ရသူ မိန္းကေလး) က သူေဌးႀကီးရဲ႕ လက္ကို ဖက္တြယ္ထားၿပီး သူေဌးကလည္း သမီးရင္းလို ျပန္ဖက္တာဟာ တကယ့္သားအဖလိုျဖစ္ၿပီး ျမင္သူတိုင္းကို ၾကည္ႏူးေစခဲ့ပါတယ္။ မိမိအမွားကို ဝန္ခံၿပီး အတတ္ႏိုင္ဆုံး တာဝန္ယူခဲ့တဲ့ သူေဌးႀကီးကိုေရာ၊ ကိုယ့္မိဘ ႏွစ္ပါး  ေသဆုံးေအာင္ ျပဳလုပ္ခဲ့သူအေပၚ ခြင့္လႊတ္ႏိုင္တဲ့ မိန္းကေလးငယ္ ၂ ေယာက္ကိုပါ ထိုင္းလူမႈကြန္ရက္မွာ ခ်ီးက်ဴးေထာမနာျပဳေနၾကပါတယ္။ ----------------------------------------------------------------------------------------
2 years Ago
Up