လျော့နည်းလာ

October 19, 2019

ဘရာဇီးတွင် ပိုးသတ်ဆေးကြောင့် ပျားအကောင်ရေ လျော့နည်းလာ

ဘရာဇီးနိုင်ငံတလွှားက ပန်းစိုက်ခင်းတွေမှာ ပိုးသတ်ဆေး အသုံးပြုတာတွေကြောင့် ဝတ်ရည်လာစုပ်ကြတဲ့ ပျားအကောင်ရေ လျော့နည်းလာတယ်လို့  (UFGRS) လေ့လာတွေ့ရှိချက်နဲ့ ဒေသခံ ပျားမွေးမြူရေးသမားတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။  ပြီးခဲ့တဲ့နှစ်တုန်းက ထောင်ချီတဲ့ ပျားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ပျားရည်ထုတ်လုပ်ရေးနဲ့ ဝတ်မှုန်ကူးတဲ့ လုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတယ်လို့ ပျားမွေးမြူသူတွေက ပြောပါတယ်။  ဘရာဇီးနိုင်ငံတွင်း ပျားတွေ သေဆုံးနေပြီး ပျားအိမ်တွေမှာလည်း ပိုးသတ်ဆေး အကြွင်းအကျန်တွေကို တွေ့ရတယ်လို့ အဲဒီတက္ကသိုလ်က ထုတ်ပြန်တဲ့ အစီရင်ခံစာက ပြောပါတယ်။  ၂၀၁၉ ခုနှစ် ဇန်နဝါရီလကတည်းက ဘရာဇီး သမ္မတ ဂျဲဘော့ဆိုနာရိုဟာ ပိုးသတ်ဆေးအသစ် အမျိုးပေါင်း  ၄၁၀ ကို အသုံးပြုခွင့်ပေးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။  တိုင်းပြည်ရဲ့ အရေးပါတဲ့ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု မြှင့်တင်ဖို့ အခုလို ပိုးသတ်ဆေးသစ် အသုံးပြုခွင့်ပေးခဲ့တာလို့ ဘရာဇီးအစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။
2 years Ago
Up