လျော့ကျ

A d v e r t i s e m e n t With Us

October 30, 2020

ရှမ်းပြည်နယ်တွင် မဲဆန္ဒရှင်စာရင်း ၁ သိန်းကျော်လျော့ကျ

ရှမ်းပြည်နယ်မှာ ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး ပြင်ဆင်ဖြည့်စွက်ပြုလုပ်ပြီးနောက် မဲဆန္ဒရှင်စာရင်း တိုးလာပေမယ့် ကန့်သတ်ချက်ကြောင့် မဲစာရင်း ၁ သိန်းကျော် လျော့ကျသွားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ဒုတိယ အကြိမ်မဲစာရင်းကပ်ကြေညာပြီးနောက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်၊ ကျေးရွာအုပ်စုတွေ တိုးလာတဲ့အတွက် မဲစာရင်း လျော့သွားတာဖြစ်ပါတယ်။ “မိုင်းကိုင်မြို့နယ် တစ်ခုလုံးကို ကန့်သတ်လိုက်တော့ မိုင်းကိုင်မြို့နယ်မှာ မဲစာရင်းက ၅၆၀၀၀ ကျော်ရှိတယ်၊ အဲ့ဒါ မပါတော့ဘူးပေါ့။ လုံးဝမဲစာရင်းကောက်လို့မရဘူး၊ ရပ်ကျေးကော်မရှင်ဖွဲ့လို့ မရဘူး၊ အဲ့ဒါက ၉ မြို့နယ်ရှိတယ်၊ ဒါကလုံးဝကျင်းပခွင့်မရှိတော့ဘူး။ အဲထဲမှ ၈ မြို့နယ်က အုပ်စု ၄၃ အုပ်စု၊ မဲဆန္ဒရှင် ၄၆၀၀၀ ကျော်ရှိပြီးတော့ ပြန်လည်ခွင့်ပြုတာ ၃ အုပ်စုရှိတယ်။ အဲတော့ မဲဆန္ဒရှင် ၈ သောင်းကျော်ကျန်ခဲ့တယ် မဲပေးခွင့်ဆုံးရှုံးတာပေ့ါ” လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောပါတယ်။ ဒုတိယ အကြိမ်မဲစာရင်းကပ်ကြေညာရာမှာ ရှမ်းပြည်နယ်အတွင်း မဲစာရင်း ၃၆၆၆၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၃၆၇၅ ရုံစီစဉ်ထားပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ အသက် ၆၀ အထက် သက်ကြီးတွေ ကြိုတင်မဲကို တက်တက်ကြွကြွပေးနေတာကို တွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်မှာ မဲစာရင်းကောက်လို့မရတဲ့နေရာ၊ ကျေးလက်ကော်မရှင်အဖွဲ့ခွဲ ဖွဲ့လို့ မရတဲ့နေရာက ၉ မြို့နယ်ရှိပါတယ်။ ရှမ်းပြည်နယ် တစ်ခုလုံး ၄၉ မြို့နယ်အတွက် မဲစာရင်း ၃၅ သိန်းကျော်ရှိပြီး အသက် ၆၀ နဲ့အထက် သက်ကြီးတွေ ကြိုတင်မဲပေးနိုင်သူ စာရင်းက ၃၉၆၀၀၀ ကျော်ရှိပါတယ်။ ခွန်ရာဇာ
3 months Ago

September 14, 2020

ပရီးမီးယားလိဂ်အသင်းများ၏ဂျာစီစပွန်ဆာတန်ဖိုး ပထမဆုံးအကြိမ် လျော့ကျ

ပရီမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဂျာစီစပွန်ဆာတန်ဖိုးဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အသင်း ၂၀ ရဲ့ဂျာစီစပွန်ဆာတန်ဖိုးဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ပေါင် ၃၅၃ ဒသမ ၆ သန်း တန်ဖိုးရှိခဲ့ပေမယ့် အခုနှစ်ရာသီမှာတော့ ပေါင် ၃၄၄ ဒသမ ၅ သန်း ရှိတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။   စုစုပေါင်း ပေါင် ၉ သန်းခန့် တန်ဖိုး ကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ တော့ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာပါ။  ဂျာစီစပွန်ဆာတန်ဖိုး ကျဆင်းသွားခဲ့တဲ့အသင်းတွေထဲမှာ မန်ယူနိုက်တက်၊ အဲဗာတန်၊ ဆောက်သမ်တန်နဲ့ ဘန်လေအသင်းတို့လည်း ပါဝင်ခဲ့ပါတယ်။  မန်ယူအသင်းက Chevrolet နဲ့ တစ်နှစ်ပေါင် သန်း ၈၀ တန် ၇ နှစ် စာချုပ် ချုပ်ဆိုထားပေမယ့် အခုနှစ်ရာသီမှာ ပေါင် ၄ သန်းခန့် စပွန်ဆာကြေး လျော့ကျသွားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။  အဲဗာတန်အသင်းက ဂျာစီစပွန်သစ် Cazoo နဲ့စာချုပ်ချုပ်ဆိုခဲ့ပေမယ့် မနှစ်က ဝတ်ဆင်ခဲ့တဲ့ Sport Pesa ထက် ပေါင် ၆ သိန်း လျော့ကျခဲ့တယ် လို့ဆိုပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဘန်လေနဲ့ ဆောက်သမ်တန်အသင်းတွေဟာလည်း ဂျာစီစပွန်ဆာတန်ဖိုး လျော့ကျသွားခဲ့တယ်လို့ သိရပါ တယ်။  
5 months Ago
Up