လုံခြုံ​ရေးအရာရှိ

July 14, 2018

ဝန်​ထမ်း​လေးဦးအား ပါးရိုက်​ခဲ့သည့် လုံခြုံ​ရေးအရာရှိကို အရေးယူပေးရန် တိုင်ကြား

မ​ကွေးတိုင်း​ဒေသကြီး မန်း​ရေနံ​မြေမှာ ဝန်​ထမ်း​ ၄ ဦးကို ပါးရိုက်​ခဲ့တဲ့ လုံခြုံ​ရေးအရာရှိကို အ​ရေးယူ​ပေးဖို့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံ၊ သမ္မကြီးနဲ့ တိုင်း​ဒေသကြီးအစိုးရ ဝန်​ကြီးဌာနနဲ့ ​ရေနံ​မြေတာဝန်​ရှိသူတွေထံ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က တိုင်​ကြားစာ ပေးပို့လိုက်​​ကြောင်း အဖွဲ့အစည်းတာန်​ရှိသူတဦးက ပြောပါတယ်။ ဒီနေ့ ရက်​စွဲနဲ့ တိုင်​ကြားစာ​ပေါင်း ၁၅ ​စောင် ပေးပို့လိုက်​​ကြောင်း ​ရွှေရည်​​မြေလတ်​ ​ရေနံ​မြေ အလုပ်​သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဦး​လေးနိုင်​က ပြောပါတယ်။ “အခုက တိုင်စာပို့ရတာ ဆိုဒ်​က နှစ်​ခုဗျ။ ​ရေနံနဲ့​ပတ်​သက်​တဲ့ ဌာန​တွေရယ်​၊ အစိုးရဌာန​တွေရယ်​ နှစ်​ခုသွား​နေရတယ်​။ ဖြစ်​စဉ်​သ​ဘောအရဆိုရင်​ ​ရေနံနဲ့သက်​ဆိုင်​တဲ့ ဝန်​ကြီးဌာနကပဲ တိုင်​ကြား​ဖြေရှင်း​ပေးသင့်​တာ၊ အခုလိုရိုက်​တဲ့ အရာရှိက စစ်​တပ်​က​နေ အရပ်​ဘက်​​ပြောင်းလာတဲ့ အရာတန်းဖြစ်​​နေတာရယ်​၊ ကျနော်တို့ ဝန်​ကြီးဌာန​တွေမှာ လက်​ရှိ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူးတို့ ညွှန်​ကြား​ရေးမှူးတို့ကလည်း အခုလိုပဲ စစ်​ဘက်​ဆိုင်​ရာက​နေပဲ ပြောင်းလာတဲ့ လူ​တွေဖြစ်​​နေတာဆို​တော့ ထိ​ရောက်​တဲ့ အ​ရေးယူမှု တကယ်​ရှိပါမလားဆိုတာရယ်​။ အခုကျူးလွန်​တဲ့ အရာတန်း ဦးဝင်းနိုင်​ချိုဟာလည်း ​ကျောက်​ခွက်​၊ လက်​ပံတို​ရေနံ​မြေမှာ တာဝန်​ကျစဉ်​က စာ​ရေး ဝန်​ထမ်းတယောက်​ကို တ​ကြိမ်​၊​ ထောက်​ရှာပင်​ ​ရေနံ​မြေမှာလည်း ​ရေနံထုတ်​လုပ်​​ရေး ဝန်​ထမ်းတဦးကို တ​ကြီမ်​ အခုလို ရိုက်​ခဲ့တာ​တွေ ရှိ​နေ​တော့၊ ကျနော့်အ​တွေးအရ သူဟာ အ​ရေးယူမခံခဲ့ရဘူးလား။ ဒီတ​ခါ​ကော အဲလိုထပ်​ဖြစ်​ဦးမှာလား၊ ထိ​ရောက်​တဲ့ အပြစ်​​ပေးခြင်းဖြစ်​မှာလား ဆိုတာ​တွေ​ကြောင့်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံနဲ့ သမ္မတ​တွေအထိပါ တိုင်​ကြားရတဲ့ အ​ခြေ​နေ​တွေ ဖြစ်​လာတာပါ” လို့ ပြောပါတယ်။ မန်း​ရေနံမှ နစ်​နာသူ ဝန်​ထမ်း​လေးဦး ရှိ​ပေမယ့် နှစ်​ဦးသာ တိုင်​ကြားအကူညီ ​တောင်းခံရတာဟာ ကျန်​နှစ်​ဦးက ယာယီ ​နေ့စားဝန်​ထမ်းတွေ ဖြစ်​​နေလို့ အ​ကြောက်​တရား စိုးရိမ်​စိတ်​​တွေ ရှိ​နေလို့ မတိုင်​ကြားတာလို့ ဆိုပါတယ်။ ဇွန်​လ ၃ဝ ရက်​ ည​က​ မန်း​ရေနံထုတ်​လုပ်​​ရေးဌာနမှ ဝန်​ထမ်း ၁ ဦးနဲ့ လုံခြုံ​ရေးဌာန ဝန်​ထမ်း ၃ ဦးတို့ကို မန်း​ရေနံ​မြေလုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်ခဲ့တဲ့အတွက် ဝန်​ထမ်းတွေရဲ့ လူ့ဂုဏ်​သိက္ခာကျဆင်း​စေပြီး စိတ်​ပိုင်းဆိုင်​ရာ ထိခိုက်ခဲ့တာကြောင့် မန်းရေနံမြေ ဇူလိုင်​က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်​အရ သမဂ္ဂအားလုံးက ကန့်​ကွက်​ရှုတ်ချ​ကြောင်း ထုတ်​ပြန်​ချက်​တွေကိုလည်း ဇူလိုင်​ ၉ ရက်​​နေ့က ​ရေနံ​မြေ သမဂ္ဂအဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
Up