လုံခြုံရေး တင်းကျပ်

February 10, 2018

ကိုလံဘီယာသို့ ၀င်ရောက်ခိုလှုံသူများပြားမှုကြောင့် လုံခြုံရေး တင်းကျပ်

အိမ်နီးချင်းဗင်နီဇွဲလားနိုင်ငံက ဆိုးရွားတဲ့စီးပွားရေး အခြေအနေတွေကြောင့် ကိုလံဘီယာနိုင်ငံတွင်း ၀င်ရောက်ခိုလှုံဖို့ ကြိုးစားသူတွေ မြှင့်တက်လာလို့ နယ်စပ်လုံခြုံရေး ထိန်းချုပ်မှုကို တင်းကျပ်ထားပါတယ်။ ကိုလံဘီယာ သမ္မတက နယ်စပ်လူဝင်မှုကို တင်းကျပ်ဖို့ ညွှန်ကြားထားပြီး ဗင်နီဇွဲလား ပြည်သူတွေအတွက် နေ့စဉ်ပြည်ဝင်ခွင့် ကတ်သစ် ထုတ်ပေးမှုကို ဆိုင်းငံ့ထားပါတယ်။ စစ်သား ၂ ထောင်ကျော်အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်သစ် ၃ ထောင်ကိုလည်း ဗင်နီဇွဲလားနယ်စပ်မှာ တပ်ဖြန့်ထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံထဲမှာ စီးပွားရေးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေကြောင့် အစာအာဟာရ ပြတ်လပ်နေပါတယ်။ ဒါကြောင့် အိမ်နီးချင်း ကိုလံဘီယာနိုင်ငံထဲမှာ တရားမ၀င် ဝင်ရောက်ခိုလှုံမှုတွေ အများအပြား ရှိနေပါတယ်။ ကိုလံဘီယာနယ်စပ်မှာ နေထိုင်နေကြတဲ့ ဗင်နီဇွဲလားနိုင်ငံသား အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ဝက်က ၆၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး လူဦးရေ ၅ သိန်းခွဲရှိလာပါတယ်။ ကိုလံဘီယာက အခုလို နယ်စပ်လုံခြုံရေးကို တင်းကျပ်လိုက်တဲ့အတွက် ဗင်နီဇွဲလားနိုင်ငံကို စွန့်ခွာဖို့ ကြိုးစားကြသူတွေရဲ့ လူမှုရေးရာလုံခြုံမှုအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်ကြောင်း ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။
3 years Ago
Up