လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်း (မူကြမ်း)ကို

May 4, 2017

လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်း (မူကြမ်း)ကို ဆွေးနွေးအတည်ပြုရန် ရှိ (သတင်းဓာတ်ပုံ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ ဒသမအကြိမ်အစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမမှာ ကျင်းပနေပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်း (မူကြမ်း)ကို ဆွေးနွေးအတည်ပြုဖို့ရှိသလို တိုင်ကြားမှု စီမံခန့်ခွဲရေးနည်းစနစ် (Complaint Management System-CSM)ကို တင်ပြတာတွေ လုပ်ဖို့ ရှိပါတယ်။ အစည်းအဝေးကို မေလ ၃ ရက်ကနေ ၅ ရက်နေ့ထိ သုံးရက်ကြာကျင်းပနေတာဖြစ်ပြီး အစည်းအဝေး ပထမနေ့မှာတော့ ရပ်ကွက်/ ကျေးရွာတွေမှာ စောင့်ကြည့်ရေး လုပ်ငန်းတွေ ဆောင်ရွက်မယ့် နှစ်ဖက်လက်ခံသည့်ဒေသခံများရဲ့ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ် (အန်စီအေ) ထိုးထားတဲ့ အဖွဲ့တွေအကြား ပစ်ခတ်မှုတွေမဖြစ်ပွားအောင်နဲ့ ဖြစ်ပွားခဲ့တဲ့ထိတွေ့မှုတွေကို စောင့်ကြည့် ဆွေးနွေးတဲ့ ပုံမှန်အစည်းအဝေးလည်းဖြစ်ပြီး အခုအကြိမ်နဲ့ဆို ၁၀ကြိမ်ရှိပြီလည်း ဖြစ်ပါတယ်။
4 years Ago
Up