ပေါ်တူဂီနိုင်ငံ၊ ချာဗတ်စ်မြို့မှာ တပ်ဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးတပင်ဟာ လေပြင်း တိုက်ခတ်မှုကြောင့် လဲကျသွားခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ ဖြစ်ရပ်အပြီး ထွက်ပေါ်လာတဲ့ လူမှုကွန်ရက်ပေါ်က ဗွီဒီယိုဖိုင်တွေမှာလည်း မြို့လယ်ကောင်မှာရှိတဲ့ Largo General Silveira မှာ ပြန့်ကျဲနေတဲ့ သစ်ပင်အပျက်အစီးတွေကို မြင်တွေ့ရပါတယ်။
ဒီသစ်ပင်ကြီးဟာ အယ်လဆာ မုန်တိုင်းကြောင့် လဲကျသွားခဲ့ရတာဖြစ်ပြီး ဒီမုန်တိုင်းနဲ့ ပတ်သက်လို့ ပေါ်တူဂီ မိုးလေဝသဌာနကလည်း နိုင်ငံရဲ့ ဧရိယာ ၈ ခုမှာ အနီရောင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းကြောင့် ပေါ်တူဂီနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ရေကြီးတာ အဆောက်အဦတွေ ပြိုကျတာနဲ့ သစ်ပင် လဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- Reuters
1 year Ago