လဲကျသွားသည့် ပြိုင်ဘက်ကို ကူညီခဲ့သည့် အမေရိကန် အပြေးသမား

A d v e r t i s e m e n t With Us

August 17, 2016

လဲကျသွားသည့် ပြိုင်ဘက်ကို ကူညီခဲ့သည့် အမေရိကန် အပြေးသမား (ရုပ်သံ)

ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်ပွဲတော် အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲမှာ လဲကျသွားတဲ့ နယူးဇီလန် အပြေးသမားကို အမေရိကန် အပြေးသမားက ဖေးမပြီး အားကစားစိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ယှဉ်ပြိုင်နေစဉ်အတွင်း ပြေးလမ်းကြောင်းတ၀က် အရောက်မှာ နယူးဇီလန် အပြေးမယ် နစ်ကီဟမ်လင်က လဲကျသွားတာကို အမေရိကန်အပြေးမယ် အယ်ဘေးဒီအက်ကို စတီနိုက ဆက်မပြေးဘဲ ကူညီခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဟမ်လင်က ဘာကြောင့်လဲကျသွားသလဲ ဆိုတာကို မသိသလို ဒီအချိန်မှာ လက်တဘက်က သူမကို လာရောက်ဖေးမခဲ့တယ်လို့ ပြောပါတယ်။ “ဒီအမျိုးသမီးလေးဟာ အိုလံပစ်ပြိုင်ပွဲဝင်စိတ်ဓာတ် အပြည့်ရှိပါတယ်။ လဲကျသွားပြီး ဘာကြောင့်ဖြစ်ရသလဲလို့ တွေးနေတဲ့အချိန်မှာ ပခုံးပေါ်ကို လက်တဘက် ရောက်လာပါတယ်။ ဒါဟာ ဘယ်လိုသဘော သက်ရောက်နေသလဲ ဆိုရင်တော့ 'ထတော့ ဒါဟာ အိုလံပစ်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပန်းဝင်အောင် ပြေးရမယ်' ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ အရင်က ဒီအမျိုးသမီးကို မတွေ့ဘူးသလို ဒါဟာ တကယ့်ကို အံ့သြစရာ ဖြစ်တဲ့အကြောင်း၊ ဒီဖြစ်ရပ်ကို မေ့နိုင်တော့မှာ မဟုတ်တဲ့အကြောင်း ဟမ်လင်က ပြောပါတယ်။ အပြေးပြိုင်ပွဲအပြီးမှာတော့ သူတို့ ၂ ဦးဟာ အချင်းချင်း ပွေ့ဖက် နှုတ်ဆက်ခဲ့ပါတယ်။ ဟမ်လင်က ၁၆ မိနစ် ၄၃ စက္ကန့်နဲ့ ဒီအက်ကို စတီနိုက ၁၇ မိနစ် ၁၀ စက္ကန့်နဲ့ ပထမရတဲ့ အီသီယိုးပီးယား အပြေးမယ်ရဲ့နောက် ၂ မိနစ်နောက်ကျကာ ပန်းဝင်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up