လေးနှင့်မြှား

October 14, 2021

နော်ဝေးတွင် အမျိုးသားတစ်ဦးက လေးနှင့်မြားဖြင့် ပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံး

လေးနဲ့မြားကို ကိုင်စွဲထားတဲ့ အမျိုးသားတယောက်က ဆက်တိုက် တိုက်ခိုက်ခဲ့လို့ နော်ဝေနိုင်ငံ ကွန်းစဘတ်စ်မြို့မှာ အောက်တိုဘာ ၁၃ ရက်က လူ ၅ ဦး သေဆုံးပြီး တခြားလူ ၂ ဦး ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

ဒဏ်ရာရသူ တယောက်ဟာ တာဝန်ချိန်ပြင်ပ ရဲအရာရှိတယောက်ပါ။

ရဲတွေက ဒီအမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အကြီးအကျယ် စုံစမ်းစစ်ဆေးနေ တယ်လို့ အစိုးရက ပြောပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးက နိုင်ငံအနှံ့က အရာရှိတွေ လက်နက်ကိုင်ကြဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

နော်ဝေရဲတပ်ဖွဲ့ဟာ ပုံမှန်အားဖြင့် လက်နက်ကိုင်လေ့မရှိဘဲ အရာရှိတွေဟာ လိုအပ်ချိန်မှသာ သေနတ်နဲ့ ရိုင်ဖယ်သေနတ်တွေကို ကိုင်လေ့ ရှိပါတယ်။

နော်ဝေတရားရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး မိုနီကာ မေးလန်းက တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လက်ခံ ရယူနေပြီး အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ၂၀၁၁ ခုနှစ်က လက်ယာစွန်း အန်ဒရေ ဘရီဗစ်ခ်က လူငယ်စခန်းထဲက ဆယ်ကျော်သက် ၇၇ ယောက်ကို တိုက်ခိုက်သတ်ဖြတ်အပြီး အဆိုးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

2 weeks Ago
Up