လေ့လာသူ

May 20, 2020

ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်ကို လေ့လာသူအဖြစ်တက်ရောက်ခွင့်ပြုရန် တိုက်တွန်း

ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ လေ့လာသူအဖြစ် ထိုင်ဝမ်ကို တက်ရောက်ခွင့်ပြုဖို့ ပစိဖိတ်ကျွန်းနိုင်ငံလေးဖြစ်တဲ့ ပါလောင်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို မေ  ၁၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ မြို့တော် ခေါ်ရွိုင်ကနေ ဗွီဒီယိုကွန်ဖရင့်နဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံကို ပြောဆိုရာမှာ  ကျန်းမာရေးဝန်ကြီး အီမဲဟိုဘတ်က သူတို့နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မယ့် အလားအလာနဲ့ ရင်ဆိုင်ရချိန်မှာ ထိုင်ဝမ်အာဏာပိုင်တွေက ပထမဆုံး လာကူညီခဲ့တယ်လို့ မျက်ရည်ကျ ပြောဆိုခဲ့ပါတယ်။  ကိုယ်ပိုင်အုပ်ချုပ်တဲ့ ထိုင်ဝမ်ဟာ မေ ၁၈ နဲ့ ၁၉  ရက် နှစ်ရက်တာ ကျင်းပတဲ့  ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းနေပြီး အမေရိကန်နဲ့  ဂျပန် အပါအဝင် အမေရိကန် မဟာမိတ်တွေရဲ့ ထောက်ခံမှု ကြီးကြီးမားမား ရရှိထားပါတယ်။  အဲဒီလိုထောက်ခံမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆိုင်ရာ တရုတ်သံတမန်က ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီဟာ  လေ့လာသူအဖြစ် တက်ရောက်ဖို့ ငြင်းဆိုခဲ့တာမို့ ထိုင်ဝမ်ရဲ့ (WHO) အဖွဲ့မှာ ပါဝင်ခွင့်ရရေး  နိုင်ငံရေးအုတ်မြစ်ဟာ မတည်ရှိတော့ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ တရုတ်နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။ ဒါပေမဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၄ နိုင်ငံအနက်  ၆ နိုင်ငံဟာ  ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ထိုင်ဝမ်ကို လေ့လာသူအဖြစ် ဖိတ်ခေါ်ဖို့ အဆိုပြုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up