လေ့လာသင်ယူ

December 20, 2020

တိုက်စစ်မှူးကာဗာနီဆီက လေ့လာသင်ယူနေဟု မန်ယူလူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ပြော

ဝါရင့်တိုက်စစ်မှူး ကာဗာနီဆီကနေ သင်ယူလေ့လာနေတယ်လို့ လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်က ပြောပါတယ်။  အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ မနှစ်ကရာသီမှာ စုစုပေါင်း ၁၇ ဂိုးသွင်းခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။  အခုနှစ်ရာသီမှာ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီက ပီအက်စ်ဂျီကနေ မန်ယူအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။  အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူး ကာဗာနီဆီကနေ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အသင်းသားအားလုံးက သင်ယူလေ့လာနိုင်ပြီး သူကိုယ်တိုင်ကလည်း လေ့ကျင့်ရေးကွင်းမှာ အမြဲတမ်းစောင့်ကြည့်လေ့လာတယ်လို့ ဂရင်းဝုဒ်က ပြောပါတယ်။  လေ့ကျင့်ရေးကွင်းမှာ ကာဗာနီက ဘယ်လို ပြုမှုလုပ်ရှားသလဲဆိုတာ အမြဲတမ်းစောင့် ကြည့်လေ့လာဖြစ်ပြီး ပွဲစဉ်တွေမှာ အသုံးချနိုင်တာကြောင့် ကာဗာနီရောက်ရှိလာတာက ကြီးမားတဲ့ အကျိူးကျေးဇူးတွေရှိတယ်လို့ ဆိုပါတယ်။  ဂရင်းဝုဒ်ဟာ အခုနှစ်ရာသီမှာ ၁၅ ပွဲ ကစားပြီး  ၃ ဂိုးသာ သွင်းယူနိုင်သေးပေမယ့် ကစားခွင့်ရတဲ့ အခြေအနေအပေါ် ကျေနပ်မူရှိတယ်လို့ ဂရင်းဝုဒ်က  ပြောပါတယ်။
4 months Ago
Up