လေ့ကျင်မှု ပြန်စ

March 21, 2020

အီတလီကလပ်အသင်း နှစ်သင်း လေ့ကျင့်မှု ပြန်စမည်

အီတလီကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ လာဇီယိုအသင်းတွေဟာ လေ့ကျင့်မှုတွေကို ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။  အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု မြင့်မားနေပေမယ့်လည်း လေ့ကျင့်ခန်း အစီအစဉ်တွေကို လာမယ့် ဗုဒ္ဓဟူးနေ့ ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။  အီတလီကစားသမားများသမဂ္ဂကနေ တားမြစ်မှုတွေရှိနေပေမယ့်လည်း ကလပ်အသင်းဘက်ကတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။  စီးရီးအေပွဲစဉ်တွေကို လာမယ့်ဧပြီ ၃ ရက်အထိ  ရပ်နားထားတာဖြစ်ပြီး အဲဒီနောက်မှာ ဆက်ပြီးကစားမလား ဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးတာဖြစ်ပါတယ်။
2 years Ago
Up