လေ့ကျင့်ဖော်

A d v e r t i s e m e n t With Us

April 23, 2020

ထောပတ်ပင်ကို လေ့ကျင့်ဖော်အဖြစ်ပြုလုပ်နေတဲ့ အောင်လအန်ဆန်

ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာပဲ လေ့ကျင့်ခန်းဆင်းနေရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အောင်လအန်ဆန်ဟာ နေအိမ်ခြံဝင်း အနောက်ဘက်က မြေကွက်မှာ တစ်ယောက်တည်းလေ့ကျင့်နေတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ဦးတည်း လေ့ကျင့်နေရချိန်မှာ သူ့ရဲ့ သက်မဲ့ လေ့ကျင့်ဖော်ကတော့ ထောပတ်ပင်ဖြစ်ပြီး အကူလူတစ်ဦးက လေ့ကျင့်ပေးနေသလိုဖြစ်အောင် ဖန်တီးထားတာပါ။ အောင်လဟာ ထောပတ်ပင်ရဲ့ ပင်စည်မှာ သူ့ရဲ့အရပ်အမြင့်အလိုက် Pad နှစ်ခုနဲ့ ခါးပတ်တစ်ခုကို တိပ်နဲ့ပတ်ကာ လက်သီးထိုးချက်၊ ခြေကန်ချက်တွေ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ၃၃ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို အောင်လက Twitter အကောင့်ပေါ်တင်ခဲ့ရာမှာ ဝင်ရောက်ကြည့်ရှုသူတွေက ချီးကျူးခဲ့ ကြပြီး ပရော်ဖက်ရှင်နယ်ပီသသူအဖြစ် မှတ်ချက်ရေးသားခဲ့ပါတယ်။ အောင်လကလည်း အဆိုပါ ဗီဒီယိုဖိုင်နဲ့အတူ “ဘယ်တော့မှ ဆင်ခြေမပေးတတ်တဲ့သူ၊ အမြဲတမ်း အကြမ်းခံနိုင်တဲ့ ငါ့ရဲ့လေ့ကျင့်ဖော်” လို့ အတူလေ့ကျင့်ဖော် ထောပတ်ပင်အကြောင်း ရေးသားခဲ့ပါ တယ်။  နောက်ဆုံး ၇ ပွဲဆက်တိုက်အနိုင်ရထားတဲ့ အောင်လဟာ Bigdash နဲ့ တတိယအကြိမ် တွေ့ဆုံပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ကမ္ဘာ့အကောင်းဆုံး မစ်ဒယ်ဝိတ်တန်းက စားသမားအဖြစ် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။ 
10 months Ago
Up