လေ့ကျင့်ခန်းပြန်ဆင်း

A d v e r t i s e m e n t With Us

September 8, 2020

လေ့ကျင့်ခန်းပြန်ဆင်းလာသည့် မက်ဆီကို ဘာစီလိုနာပရိသတ်ကြိုဆို

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ စက်တင်ဘာ ၇ ရက်က အသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီကို ပထမဆုံးအကြိမ် ရောက်ရှိလာပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့တပတ်ကတည်းက အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ရမှာဖြစ်ပေမဲ့ အပြောင်းအရွှေ့ကိစ္စတွေကြောင့် တပတ်လောက် နောက်ကျခဲ့ရတာပါ။ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ပြင်ဆင်ခဲ့တဲ့ မက်ဆီဟာ စာချုပ်ဖျက်သိမ်းကြေး ပေးရမယ့် အခြေအနေကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။  ဘာစီလိုနာပရိသတ်တွေကတော့ မက်ဆီ လေ့ကျင့်ခန်းပြန်ဆင်းတဲ့အပေါ်မှာ ပျော်ရွှင် ကျေနပ်နေကြပြီး ပြီးခဲ့တဲ့ရာသီတွေကလိုပဲ ခြေစွမ်းပြကစားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။  ပရိသတ်တဦးဖြစ်သူ မိုရီနိုကတော့ မက်ဆီက အမြဲတမ်းမက်ဆီသာဖြစ်ပြီး သူ ချစ်မြတ်နိုးတဲ့ ဘာစီလိုနာအသင်းအတွက် အရာအားလုံး ပေးဆပ်ကစားလိမ့်မယ်လို့ ပြောပါတယ်။  မက်ဆီဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ကားတစ်စီးနဲ့ ရောက်လာခဲ့တာကို တွေ့ရပြီး အပြောင်းအရွှေ့သတင်းတွေ ထွက်နေတဲ့ တိုက်စစ် မှူးဆွာရက်ဇ်နဲ့ ကော်တင်ညိုတို့ဟာလည်း မက်ဆီနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ကြပါတယ်။
6 months Ago

February 22, 2020

မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ လေ့ကျင့်ခန်းပြန်ဆင်း

ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကားနဲ့ လာရောက်ခဲ့တာကို မီဒီယာတွေက ဓာတ်ပုံရိုက်ပြီး ဖော်ပြခဲ့ကြပါတယ်။  ပေါ့ဘာဟာ ဒူဘိုင်းမှာ ဆေးကုသမှုတွေ သွားရောက်လုပ်ဆောင်ခဲ့ပြီးနောက် ယူနိုက်တက် လေ့ကျင့်ရေးကွင်းကို ပထမဆုံးအကြိမ် ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြေးစက်နဲ့ လေ့ကျင့်နေတဲ့ပုံတွေကိုလည်း ပေါ့ဘာက ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့ပါတယ်။  လက်ရှိ ဒဏ်ရာအခြေအနေအရ ပွဲကစားဖို့ မဖြစ်နိုင်သေးပေမယ့် လာမယ့် မတ် ၈ ရက်မှာ ကစားမယ့် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
1 year Ago
Up