မန်စီးတီးကစားသမားတွေဟာ ကန့်သတ်ထားတဲ့စည်းမျဉ်းတွေနဲ့ မေ ၂၇ ရက်နေ့က လေ့ကျင့်ခန်းအစီစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ နှာခေါင်းစီးနဲ့ လက်အိတ်ကို ဝတ်ဆင်ပြီး ညွှန်ကြားနေတာကို တွေ့ရပါတယ်။
တခြားမန်စီးတီးကစားသမားတွေဖြစ်တဲ့ ကန်ဆယ်လို၊ ဖီးလ်ဖိုဒင်၊ ဒီဘရိုင်း၊ စတာလင် အစ ရှိတဲ့ ကစားသမားတွေဟာလည်း လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြပါတယ်။
ကစားသမားတွေအနေနဲ့ မေလကုန်အထိ အဖွဲ့ငယ်လေးတွေ နဲ့ ခပ်ခွာခွာ လေ့ကျင့်ခဲ့ ရပေမယ့် လက်ရှိ အချိန်မှာတော့ အနီးကပ် လေ့ကျင့်မူတွေပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
ကစားသမား ၅ ဦးအထိပဲ အတူလေ့ကျင့်နိုင်တာကနေ ၁၀ ဦးအထိ လေ့ကျင့်ခန်း ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန်လ ၁၂ ရက်မှာ ပြန်လည်စတင်ဖို့ လျာထားပေမယ့် ဇွန်လ အကုန်ရောက်မှ ပြန်လည်ကျင်းပနိုင်ဖို့ရှိနေပါတယ်။
8 months Ago