လော်ရာ

August 29, 2020

အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် ၁၄ ဦး သေဆုံး၊ နေအိမ် ၅ သိန်းခန့် မီးပြတ်

အမေရိကန် တောင်ပိုင်းပြည်နယ်တွေကို ဟာရီကိန်းလော်ရာ ဝင်ရောက်ခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်ဟာ ၁၄ ယောက် ဖြစ်လာတယ်လို့ သြဂုတ် ၂၉ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေက လူဝီစီယားနားပြည်နယ်က ၁၀ ယောက်နဲ့  တက္ကဆက်ပြည်နယ်က ၄ ယောက် ဖြစ်ပါတယ်။  မုန်တိုင်းလော်ရာဟာ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၅၀ နှုန်းတိုက်ခဲ့တာကြောင့်  အပျက်အစီး များပြားတာ၊ နေအိမ် ၅ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်တာနဲ့  ဓာတုစက်ရုံတစ်ရုံ မီးလောင်တာတွေ ဖြစ်ခဲ့ပါတယ်။  လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးက ဟာရီကိန်း နောက်ဆက်တွဲ  အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ငွေကြေးအကူအညီ ချက်ချင်းပေးအပ်ဖို့ ဖက်ဒရယ်အစိုးရထံ တောင်းဆိုထား ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဟာရီကိန်းဒဏ်သင့် ပြည်နယ်နှစ်ခုကို သွားရောက်မယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
1 year Ago
Up