လက်သန့်ဆေးရည် ထုတ်လုပ်ဖို့ ကုန်ကြမ်းရှားပါးလာမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အရင်ကထက် ဆေးရည်တွေကို ပိုလိုအပ်လာချိန်မှာ ဘရာဇီးက လော်ရယ်အလှကုန်ကုမ္ပဏီဟာ ဆေးရုံတွေအတွက် ဂျဲလ်တွေကို လှူဒါန်းပေးနေတယ်လို့ ဒီကနေ့ ဧပြီ ၄ ရက်နေ့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
လော်ရယ် ဘရာဇီး L'Oreal Brazil ရဲ့ စက်မှုကုန်ထုတ်လုပ်ငန်းဒါရိုက်တာ ဂီလ်ဟမ်း မာတင်က ကုမ္ပဏီအနေနဲ့ လက်သန့်ဆေးရည် တန် ၁၇၀ ထုတ်နိုင်မယ့် ဂျဲလ်ဘူးပေါင်း ၇၅၀,၀၀၀ ကျော်ကို ထုတ်လုပ်လှူဒါန်းနေတယ်လို့ ဆိုပါတယ်။
လက်တင်အမေရိကတိုက်ရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးဟာ ဧပြီ ၄ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၀ ကျော်သွားပြီလို့ သိရပါတယ်။
11 months Ago