လော်ရန်ဇိုအစ်ဇီဂနီ

March 16, 2020

နာပိုလီအသင်းခေါင်းဆောင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ပေါင် ၉ သောင်း လှူဒါန်း

နာပိုလီအသင်းရဲ့အသင်းခေါင်းဆောင် လော်ရန်ဇိုအစ်ဇီဂနီဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်‌ရေးအတွက် အီတလီနိုင်ငံ ကမ်ပါနီးယားမှာရှိတဲ့ ဆေးရုံတွေကို ပေါင် ၉ သောင်း လှူဒါန်းလိုက်ပါတယ်။  လက်တလော အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရသူ ၁၇၀၀၀ ကျော်ထိရှိလာ ပြီး စီးရီအေဘောလုံးပွဲစဉ်တွေကိုလည်း ဧပြီလ ၃ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။  အစ်ဇဂနီက သူရဲ့တွစ်တာစာမျက်နှာကနေတဆင့် ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်လို့ တိုတိုရှင်းရှင်းပဲ အသိပညာပေးပြောကြားသွားခဲ့ပါတယ်။  အလှူငွေလက်ခံခဲ့တဲ့ အီတလီတောင်ပိုင်း အုပ်ချုပ်ရေးမှူး ဗင်ဆန်ဇိုဒီလူကာက လော်ရန်ဇိုဆီကနေ ဆေးရုံတွေကို ကူညီပေးဖို့ အလှူငွေပေါင် ၉၀၀၀၀ လက်ခံရရှိကြောင်းနဲ့ လှူဒါန်းမှုအတွက်ကျေးဇူးတင်ကြောင်း ပြောပါတယ်။
2 years Ago
Up