လော်တာရိုမာတီးနက်ဇ်

March 23, 2020

အင်တာတိုက်စစ်မှူးကို အရခေါ်နိုင်ရန် ဘာစီလိုနာ မျှော်လင့်

မန်ချက်စတာမြို့ခံပြိုင်ဘက်အသင်းနှစ်သင်းက ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီးနက်ဇ်ကို ဘာစီလိုနာအသင်းက ‌အရခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။  အင်တာမီလန်အသင်းကနေ ထွက်ခွာကြေးပေါင် ၁၀၂ ဒသမ ၅ သန်း သတ်မှတ်ထားခဲ့တဲ့ မာတီနက်ဇ်ကို မန်ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့အပြင် ဥရောပကလပ်အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ မာတီနက်ဇ်ဟာ လက်တလောစီးရီးအေမှာ ၁၁ ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူးတဦးဖြစ်ပြီး နည်းပြအန်တိုနီယိုကွန်တီ အားထားရတဲ့ တိုက်စစ်မှူးတဦးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ လက်ရှိ တိုက်စစ်မှူး လီယွန်နယ်မက်ဆီနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတဦးအဖြစ် လက်ခံထားပြီး အဲ့ဒီအာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ကော်တင်ဟိုနဲ့ လူးဝစ်ဆွာရက်ဇ်တို့ကိုတောင် ရောင်းထုတ်ပြီး ကြိုးပမ်းလာဖွယ်ရှိတယ်လို့ မယ်ရာသတင်းစာက ဖော်ပြထားပါတယ်။ 
1 year Ago
Up