.လော့ဒေါင်း

January 29, 2021

လက်ဘနွန်တွင် လော့ဒေါင်းကန့်သက်ချက် ဆန္ဒပြသူများ အစိုးရအဆောက်အအုံကို မီးရှို့

လက်ဘနွန်နိုင်ငံမှာ ကိုဗစ်-၁၉ လော့ဒေါင်း ကန့်သတ်ချက်တွေကို ဆန့်ကျင်ဆန္ဒပြသူတွေက ဇန်နဝါရီ ၂၈ ရက်ညမှာ  အစိုးရအဆောက်အအုံ တစ်ခုကို မီးရှို့ခဲ့ပါတယ်။  

လူ ၂၅၀၀ ကျော် သေဆုံးတဲ့ ကိုဗစ်ကူးစက်မှု ထိန်းချုပ်တာကို ကန့်သတ်ဖို့ အစိုးရက  ၂၄ နာရီ  ညမထွက်ရ အမိန့်ထုတ်ပြန်ပြိးနောက်မှာ ၄ ညဆက်တိုက် မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပါတယ်။ 

 မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်ခဲ့ပါတယ်။    ဇန်နဝါရီ ၂၈ ရက်က ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း  အမျိုးသားတစ်ယောက် သေဆုံးခဲ့ပါတယ်။

မြို့တော် ထရီပိုလီမြောက်ပိုင်းက အစိုးရအဆောက်အအုံ တစ်ခုကို ဆန္ဒပြသူတွေကို ဝင်စီးဖို့ ကြိုးစားရာကနေ  ကျည်စစ်ထိမှန်ပြီး အိုမာတေဘာဆိုတဲ့ လူ သေဆုံးခဲ့တာပါ။

မျက်မြင်တွေက ဆန္ဒပြသူတွေကို ရဲတွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုပြီး ရဲတွေကတော့ အစိုးရအဆောက်အအုံကို လုံခြုံရေး တာဝန်ယူတဲ့ ကင်းစခန်းကို ဆန္ဒပြသူတွေက မီးရှို့တာကြောင့် ကျည်အစစ်သုံးပြီး လူစုခွဲခဲ့တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

ဒီအကြမ်းဖက်မှုမှာ လူ တစ်ဦး သေဆုံးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က  နာမည် မဖော်ပြဘဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

9 months Ago
Up