လော့ဒေါင်း ဆန့်ကျင်ဆန္ဒပြသူ

January 3, 2021

ဗြိတိန်တွင် လော့ဒေါင်း ဆန့်ကျင်ဆန္ဒပြသူ ၁၇ ဦးကို ဖမ်းဆီး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က ဟိုက်ဒ်ပါ့ခ်ပန်းခြံမှာ အသွားအလာ ထိန်းချုပ်ကန့်သတ်ချက် လော့ဒေါင်းကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ ၁၇ ယောက်ကို ရဲတွေက ဇန်နဝါရီ ၂ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက် ချိုးဖောက်မှုနဲ့ ဖမ်းခဲ့တာပါ။ ဆန္ဒပြသူတွေကို ခြေကျင်ရဲတွေရော မြင်းစီးရဲတွေကပါ လူစုခွဲနေပုံ ရုပ်ပုံတွေကို မျက်မြင်သက်သေတယောက်က ရိုက်ကူးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်ကစပြီး လန်ဒန်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အသစ်သတ်မှတ် အဆင့်မြှင့်ထားတဲ့ အဆင့်မြင့်ဆုံး အဆင့် ၄ ကန့်သတ်ချက် ထုတ်ပြန်ပြီး လူမှုရေး ကန့်သတ်ချက်ကို တင်းကျပ်ထားပါတယ်။ အဆင့် ၄ ကန့်သတ်ချက်အရ အများပြည်သူဆိုင်ရာ လေဟာပြင်မှာ လူ ၂ ယောက်ထက် ပိုမစုရပါဘူး။ ဗြိတိန်မှာ စနေ တရက်တည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါအသစ် ကူးစက်ခံ ၅၇,၀၀၀ ကျော်ရှိပြီး ကူးစက်ခံ ၅၀,၀၀၀ ကျော်တာ ၅ ရက်မြောက်လည်း ဖြစ်ပါတယ်။ ကူးစက်ခံ ၄၄၅ ယောက် သေဆုံးခဲ့တယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ပြထားပါတယ်။
10 months Ago
Up