လော့ဒေါင်း ဆက်ချ

June 26, 2020

တက္ကဆက်တွင် ကိုဗစ်-၁၉  ကူးစက်လူနာဦးရေ မြင့်တက်၊ လော့ဒေါင်း ဆက်ချ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်မှာ လော့ဒေါင်းချထားရာကနေ ပြည်နယ်ကို ပြန်ဖွင့်ဖို့  ဇွန်လ ၂၅ ရက်မှာ စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ ရော ကူးစက်လူနာဦးရေနဲ့ ဆေးရုံတင် ကုသရတဲ့လူနာတွေ မြင့်တက်လာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြန်ပိတ်လိုက်ပါတယ်။  တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၂၂  ရက် တစ်ရက်တည်းမှာတင် အတည်ပြုလူနာ ၆၀၀၀ တွေ့ခဲ့ပါတယ်။  တက္ကဆက်မှာ ၁၃ ရက်ဆက်တိုက် ဆေးရုံတင်ရတဲ့ လူနာဦးရေလည်း စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်အစိုးရ ကျွမ်းကျင်သူတွေကတော့ နိုင်ငံသား သန်း နှစ်ဆယ်ကျော် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမယ်လို့ တွက်ထားတာ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒီတပတ်အတွင်းမှာပဲ အယ်လာဘားမား၊ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ အိုင်ဒါဟို၊ မစ္စစပီ ၊ မီဆိုရီ ၊ နီဗားဒါး၊ အိုကလာ ဟားမား၊ တောင်ကယ်ရိုလိုင်နားနဲ့ ဝိုင်အိုင်းမင်း တို့မှာလည်း ကူးစက်ခံရနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
11 months Ago
Up