လော့ဒေါင်းထပ်မချ

June 23, 2020

တက္ကဆက်တွင်  လော့ဒေါင်းထပ်ချရန် အစီအစဉ်မရှိဟု အုပ်ချုပ်ရေးမှူးပြော

အမေရိကန်ပြည်ထောင်စု၊  တက္ကဆက်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်နှုန်းက လက်မခံနိုင်စရာဖြစ်ပေမဲ့  ပြည်နယ်မှာ လော့ဒေါင်းချတာကို ထပ်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တက္ကဆက်ပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသူတွေ ၁၁ ရက်ဆက်တိုက် ရှိခဲ့ပြီး ၁၁ ရက်မြောက်နေ့မှာတော့ လူနာ ၃,၇၁၁ ယောက်နဲ့ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။  ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ကိုဗစ်-၁၉ ကို ထိန်းချုပ်ရမှာ ဖြစ်ပေမဲ့ ပြည်နယ်ကို တစ်ခါ ထပ်လော့ဒေါင်းချဖို့ကိုတော့ နောက်ဆုံးအခြေအနေမှ လုပ်သွားမယ်လို့ ပြောပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ ၂၃၀၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂၂,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ ကူးစက်သူရော သေဆုံးသူ အများဆုံးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
11 months Ago
Up