လော့ဒေါင်းတင်းကျပ်

May 31, 2020

အာဂျင်တီးနားတွင် လော့ဒေါင်းတင်းကျပ်မှုအပေါ် ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံ ဗျုနိုအေးရိစ်မြို့တော်မှာ မေလ ၃၀ ရက်က အစိုးရရဲ့ တင်းကျပ်တဲ့ လော့ဒေါင်းစည်းမျဉ်းတွေကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတခု ဖြစ်ပေါ်ခဲ့ပါတယ်။  ဒါဟာ ရက်ပေါင်း ၇၀ လောက်မြို့တော်မှာ မဖြစ်မနေ လော့ဒေါင်းချထားပြီးနောက် ကန့်ကွက်တဲ့ ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။  ဆန္ဒပြသူတွေဟာ မြို့လယ်  အိုဘီလစ်စ်မှာ စုစည်းခဲ့ပြီး အချို့ အာဂျင်တီးနားအလံတွေနဲ့ လွတ်လပ်ခွင့်ပေးဖို့ ကြွေးကြော်သံတွေ ဆိုခဲ့ကြပါတယ်။  အာဂျင်တီးနားမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ၁၆၀၀၀ ကျော်ရှိပြီး အများစု ဗျုနိုအေးရိစ်  မြို့တော်ကဖြစ်ပါတယ်။ သေဆုံးသူကတော့ တနိုင်ငံလုံးစုစုပေါင်း ၅၂၈ ဦးပါ။  လော့ဒေါင်းကြောင့် မြို့တော်ရဲ့ ဝင်ငွေနည်းဆင်းရဲသားရပ်ကွက်တွေ အထူးသဖြင့် ထိခိုက်နေ ရတယ်လို့ အစိုးရစာရင်းတွေက ပြထားတာကို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up