လော့ဒေါင်

A d v e r t i s e m e n t With Us

May 16, 2020

ဂွါတီမာလာ တနိုင်ငံလုံး လော့ဒေါင်းချထားမှု ၃ ရက်ထပ်တိုး

တနိုင်ငံလုံး လော့ဒေါင်းချထားမှုကို လာမယ့် မေ ၁၈ အထိ သုံးရက် ထပ်တိုးသွားမယ်လို့ ဂွါတီမာလာ သမ္မတက မေ ၁၄ ရက်မှာ ကြေညာပါတယ်။  အစိုးရ ရုပ်သံက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ သမ္မတက COVID-19 ကပ်ဘေးဟာ အမှန်တကယ် ခြိမ်းခြောက်နေတာဖြစ်လို့ ဒီလို ဆုံးဖြတ်ချက်ချခဲ့ရတာလို့ ပြောပါတယ်။  တနိုင်ငံလုံး လော့ဒေါင်းကာလအတွင်းမှာ အစားအစာ၊ ရေ၊ ဆေးဝါး၊ လောင်စာဆီတွေကို သယ်ယူတဲ့ယာဉ်တွေ၊ ဆိပ်ကမ်းတွေကို ကုန်စည်ပို့တဲ့ယာဉ်တွေ၊ အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ လျှပ်စစ်၊ တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်တဲ့ ယာဉ်တွေ၊ ဆေးကုဖို့လိုတဲ့ ယာဉ်တွေကိုပဲ လမ်းတွေပေါ် သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။ စူပါမားကတ်တွေနဲ့ စတိုးဆိုင်တွေ ပိတ်ပေမယ့် ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေးထားတယ်လို့ ဒေသခံမီဒီယာက ဖော်ပြထားပါတယ်။ ဂွါတီမာလာနိုင်ငံမှာ COVID-19 အတည်ပြုလူနာဦးရေဟာ ၁၅၁၈ ဦးရှိပြီး သေဆုံးသူ ၂၉ ဦး ရှိတယ်လို့ ရိုက်တာသတင်းက  ရေးသားထားပါတယ်။ 
10 months Ago

May 1, 2020

ဂျာမနီတွင် လော့ဒေါင်းချထားမှု တဆင့်ချင်းပြန်ဖြည်လျှော့

လော့ဒေါင်းချထားတာတွေကို တဆင့်ချင်းပြန်ဖြည်လျှော့တဲ့အနေနဲ့ ဂျာမနီနိုင်ငံမှာ မေ ၄ ရက်နေ့က စပြီး ကစားကွင်းတွေ ပြတိုက်တွေနဲ့ ဘုရားကျောင်းတွေကို ပြန်ဖွင့်ပေးသွားမယ်လို့ သိရပါတယ်။  ဒီအပတ်အတွင်း ဈေးဆိုင်လေးတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပြီးနောက် ကျောင်းတွေနဲ့ အားကစားပွဲတွေကိုလည်း ပြန်ဖွင့်သင့် မဖွင့်သင့် ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။  ဒါပေမဲ့ အဓိပတိ အိန်ဂျလာမာကယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ထပ်မဖြစ်အောင် သေချာလုပ်ဆောင်ရမယ်လို့  ဧပြီ ၃၀ ရက်က သတိပေးခဲ့ပါတယ်။  ဂျာမနီမှာ မစ္စမာကယ်နဲ့ ညွှန့်ပေါင်းမဟာမိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုကို ကုစားနိုင်ဖို့ ဒေါ်လာ ၈၂၀ ဘီလီယံ သုံးမယ့် ဘဏ္ဍာရေးကယ်ဆယ်မှုအစီအစဉ်ကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။  ဂျာမနီရဲ့ ပြည်နယ် ၁၆ ခုမှာလည်း ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ တချို့သော အားကစားပွဲတွေကို ပြန်လုပ်ခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဂျမနီနိုင်ငံမှာ ဒီနေ့ညနေအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၆၂၃ ဦး ရှိတယ်လို့ သိရပါတယ်။   
10 months Ago
Up