လော့စ်အိန်ဂျလိစ်မြို့

A d v e r t i s e m e n t With Us

April 21, 2020

လော့စ်အိန်ဂျလိစ်မြို့တွင် COVID-19 ကူးစက်ခံရသူ ဦးရေ အတည်ပြုထုတ်ပြန်ထားတာထက် ပိုများနိုင် 

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့က အရွယ်ရောက်သူ ၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနိုင်တဲ့ antibodies တွေ ရှိနေတာကို စစ်တမ်းအတွင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ အတည်ပြုဦးရေထက် တကယ်ကူးစက်ခံခဲ့ရသူ ဦးရေက အဆ ၄၀ ပိုများတယ်ဆိုတဲ့ အဆိုပြုချက်ပဲလို့ ရိုက်တာသတင်းက ရေးပါတယ်။ တောင်ကာလီဖိုးနီးယားတက္ကသိုလ် သုတေသနပညာရှင်တွေက လူ ၈၆၃ ယောက်အပေါ် လုပ်တဲ့ ရောဂါဗေဒစစ်တမ်းအရ ထင်တာထက်ပိုပြီး လူသေနှုန်းကို လျှော့ချနိုင်တယ်။ အသက်ရှူလမ်းကြောင်းရောဂါ COVID-19 ဟာ လက္ခဏာမပြတဲ့လူတွေဆီကနေ ပိုကျယ်ကျယ်ပြန့်ပြန့် ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကူးစက်ခံအရေအတွက် ပိုမြင့်လေလေ သေဆုံးသူ၊ ဆေးရုံတက်ရသူနဲ့ အထူးကြပ်မတ် ကုသဆောင်ကို ရောက်သူ လူနာအရေအတွက် ပိုမြင့်လေပဲလို့လည်း ပြည်သူ့မူဝါဒရေးရာ ပါမောက္ခနဲ့ သုတေသနမှူး နီးရတ်ဂျ်ဆူးဒ်က ပြောပါတယ်။ လူဦးရေ ၈ သန်းရှိတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၂,၃၀၀ ကျော် ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေ စုစုပေါင်း ၆၀၀ ရှိပြီလို့ ဧပြီ ၂၀ ရက် အတည်ပြု မှတ်တမ်းအရ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၇၉၃,၀၀၀ နီးပါးရှိပြီး ကူးစက်ခံ ၄၂,၅၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
10 months Ago
Up